နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်ယူအသင်းမှ အငှားခေါ်ယူထားသည့် ဆန်ချိုကို အပြီးသတ်ခေါ်ယူရန် ဒေါ့မွန်အသင်း ပြင်ဆင်

မတ်  ၂၀

မန်ယူအသင်းမှ ရာသီဝက် အငှားစာချုပ်ဖြင့် ခေါ်ယူထား သည့် တောင်ပံကစားသမား ဆန်ချိုကို ဒေါ့မွန်အသင်းက ရာသီအကုန်တွင် ပြောင်းရွှေ့ ကြေး ယူရို ၃၅ သန်းဖြင့် အပြီးသတ်ခေါ်ယူရန် ပြင်ဆင် လျက်ရှိကြောင်း သိရသည်။

အသက် ၂၃ နှစ်အရွယ်ရှိ ဆန်ချိုသည် ဒေါ့မွန်အသင်းတွင် ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ကစားခဲ့ပြီး ထိပ်တန်းအဆင့်ရှိ ခြေစွမ်းပြသနိုင်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် နွေရာသီကစား သမား အပြောင်းအရွှေ့ကာလ တွင် ဒေါ့မွန်အသင်းမှ  မန်ယူ အသင်းကို ပြောင်းရွှေ့ကြေး ယူရို ၈၅ သန်းဖြင့် ပြောင်းရွှေ့ ခဲ့သူဖြစ်သည်။

ဆန်ချိုသည် မန်ယူအသင်း သို့ ပြောင်းရွှေ့ကစားခဲ့ပြီး နောက် ပုံမှန်ခြေစွမ်းပြသရန် ရုန်းကန်ခဲ့ရပြီး ယခုနှစ် ဘောလုံးရာသီ အစပိုင်းက မန်ယူအသင်းနှင့် အာဆင်နယ် အသင်းတို့ ကစားခဲ့သည့် ပွဲစဉ် အပြီးတွင် နည်းပြတန်ဟက်နှင့် ဆက်ဆံရေး အဆင်မပြေမှုများ ဖြစ်ပွားခဲ့ပြီးနောက် ပြီးခဲ့သည့် ဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ကာလက ဒေါ့ မွန်အသင်းကို ရာသီဝက် အငှား စာချုပ်ဖြင့် ပြန်လည်ပြောင်းရွှေ့ ခဲ့ခြင်းဖြစ်သည်။

ဒေါ့မွန်အသင်းသည် အစော ပိုင်း ဆန်ချိုကို အပြီးသတ် ခေါ်ယူရန် အစီအစဉ်မရှိခဲ့ သော်လည်း နောက်ပွဲစဉ်များ တွင် ကစားသမားအနေဖြင့် အကောင်းဆုံး ခြေစွမ်းပြသ လျက်ရှိသည့်အတွက် ရာသီ အကုန်တွင် ယူရို ၃၅ သန်းဖြင့် အပြီးသတ်ခေါ်ယူရန် ပြင်ဆင် နေခြင်းဖြစ်ကြောင်း သိရသည်။





သူရိန်






အခြားဆက်စပ်သတင်းများ