နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာ့တိုင်းရင်းဆေးပညာ စနစ်တကျ ထွန်းကားပြန့်ပွားရေး

လူတိုင်း သက်တမ်းစေ့ အသက်ရှင်နေနိုင်ရေးနှင့် ရောဂါဘယ ကင်းရှင်းရေးအတွက် ကျန်းမာ‌ရေးစောင့်‌ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကျန်းမာရေးအသိပညာပေးခြင်း၊ ရောဂါ ကာကွယ်တားဆီးခြင်းနှင့် ထိရောက်ကုသမှုခံယူခြင်းတို့ဖြစ်သည်။

ထိရောက်သော ဆေးကုသမှုတွင် ခေတ်မီဆေးပညာရပ်များ အပြင် မြန်မာ့တိုင်းရင်းဆေးပညာသည်လည်း အပါအဝင်ဖြစ်သည်။ မြန်မာ့တိုင်းရင်းဆေးပညာသည် နှစ်ပေါင်းထောင်ချီရှည်လျားခဲ့ သော တော်ဝင်ဆေးပညာဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ တကောင်းခေတ်၊ သရေခေတ္တရာခေတ်၊ ပုဂံခေတ်၊ အင်းဝခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်၊ ရတနာပုံခေတ် စသည့် မြန်မာရှင်ဘုရင်များလက်ထက်က ချီးမြှင့်မြှောက်စားခံခဲ့ရသော တော်ဝင်ဆေးပညာတစ်ရပ် ဖြစ်သည်။

ပြည်ထောင်စုမြန်မာနိုင်ငံ‌တော်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူအများ ယုံကြည်အားထားသည့် တိုင်းရင်း ဆေးပညာ ဘက်စုံဖွံ့ဖြိုးမြင့်မားတိုးတက်စေရေးအတွက် နိုင်ငံတော် အစိုးရ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာ‌ရေးဝန်ကြီးဌာနသည် တိုင်းရင်းဆေးပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ဘက်ပေါင်းစုံ အရှိန်အဟုန်မြှင့် ကြိုစားဆောင်ရွက်လျက်ရှိသည်။ တိုင်းရင်းဆေး ပညာသည် မြန်မာ့သမိုင်းစဉ်တစ်လျှောက် မြန်မာ့ရာသီဥတု၊ ရေ၊ မြေ၊ တော၊ တောင် မြန်မာ့ယဉ်ကျေးမှုရိုးရာအမွေအနှစ် ဓလေ့ ထုံးတမ်းအစဉ်အလာများ ထုံမွှမ်းတည်တံ့နေခဲ့သော တော်ဝင် ဆေးပညာလည်း ဖြစ်သည်။

ရှေးမြန်မာတိုင်းရင်းဆေးသမားတော်များ ခေတ်အဆက်ဆက် အမွေဆက်ခံလာသော တိုင်းရင်းဆေးဝါးများ၏  ကုသနည်း များ၊ ခေတ်မီကုသနည်းများ၊ ခေတ်မီနည်းများဖြင့် စနစ်တကျ သုတေသနဖော်ထုတ်နိုင်မှုကြောင့် ကျန်းမာရေးပြဿနာများကို ကုသနိုင်သော ရလဒ်ကောင်းများရရှိနေပြီဖြစ်သည်။ မြန်မာနိုင်ငံ တွင် ကျေးလက်ဒေသများနှင့် ဝေးလံ‌ခေါင်းပါးသော အစွန်အဖျား ဒေသများအထိ မြန်မာ့တိုင်းရင်းဆေးဝါးနှင့် ဆေးပညာရပ်များ ဖြန့်ကြက်ရောက်ရှိနေပြီ ဖြစ်သည်။

ယနေ့အခြေအနေတွင် တိုင်းရင်းဆေး ဆရာများကို ခေတ်မီ နည်းစနစ်များနှင့်ပေါင်းစပ်ပြီး အရိုးကိုအရွက်မဖုံးသည့် တိုင်းရင်း ဆေးသမားတော် လူငယ်မျိုးဆက်သစ်များ မွေးထုတ်ပေးရန် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုနှင့် တိုင်းရင်းဆေးသမားတော်ကြီးများ၏ ကြိုးပမ်း ဆောင်ရွက်မှုများ၊ တိုင်းရင်းဆေးတက္ကသိုလ်ကြီးကို အဆင့်ဆင့် ဖွင့်လှစ်တည်ထောင်ကာ ခေတ်မီတိုင်းရင်းဆေးသမားတော်များ မွေးထုတ်ခဲ့သည်။

မျိုးဆက်သစ် လူငယ်တိုင်းရင်းဆေးသမားတော်အနေဖြင့် ခေတ်အဆက်ဆက်က လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့သော တိုင်းရင်းဆေးပညာရပ်များကို စဉ်ဆက်မပြတ် သုတေသနလုပ်ငန်း များ ဆောင်ရွက်ခြင်းဖြင့် မြန်မာ့တိုင်းရင်းဆေးပညာများ ပိုမို တိုးတက်လာရေးတွင် အထောက်အပံ့ဖြစ်လာစေချင်ကြောင်း။    






အခြားဆက်စပ်သတင်းများ