နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Microsoft က ကမ္ဘာတစ်ဝန်းရှိ ဖွင့်လှစ်ထားသည့် စတိုးအားလုံးနီးပါး ပိတ်ပစ်ရန် စီစဉ်

ဇွန် ၃၀


Microsoft က ကမ္ဘာတစ်ဝန်းရှိ ဖွင့်လှစ်ထားသည့် စတိုးအားလုံးနီးပါးကို ပိတ်ပစ်ရန် စီစဉ်နေကြောင်း သိရသည်။ Microsoft က စတိုးအားလုံးကို ပိတ်မည်မဟုတ်ဘဲ စတိုးလေးခုကို ဖွင့်ထားဦးမည်ဖြစ်သည်။ ဆက်လက်ဖွင့်လှစ်သွားမည့် စတိုးများမှာ နယူးယောက် (Fifth Avenue) ၊ လန်ဒန် (Oxford Plaza) ၊ ဆစ်ဒနီ (Westfield) နှင့် Redmond Park တို့ ဖြစ်သည်။


Microsoft က စတိုးဆိုင်အားလုံးနီးပါးကို ပိတ်ကာ ဒစ်ဂျစ်တယ်စတိုးများကိုသာ အားကိုးအားထားပြု ရောင်းချ သွားမည်ဖြစ်သည်။


Microsoft က နိုင်ငံပေါင်း ၁၉၀ မှ တစ်လလျှင် အွန်လိုင်းမှ ဈေးဝယ်ယူမှု ၁ ဒသမ ၂ ဘီလျံအထိရှိကြောင်း သိရသည်။ ယင်းသို့ အွန်လိုင်းမှာရောင်းချရမှု မြင့်မားနေမှုနှင့်အတူ Microsoft က အွန်လိုင်းစတိုးကိုသာ ရောင်းချရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ အွန်လိုင်းမှသာ ရောင်းချမှုကြောင့် ကုန်ကျစရိတ်လည်း သက်သာမည်ဖြစ်သည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ