နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ရပ်ကွက်များအလိုက် ကွင်းဆင်းဆောင်ရွက်

ရန်ကုန်   ဇွန်    ၃၀


ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မိုးတွင်းကာလများ၌ ဖြစ်ပွားလေ့ရှိသည့် သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်မှကာကွယ်နိုင်ရန်အတွက် အဘိက်ဆေးခတ်ခြင်းနှင့် ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများက ရပ်ကွက်များအတွင်းရှိ နေအိမ်များသို့ အပတ်စဉ်အိမ်တိုင်ရာရောက်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဇွန်  ၂၉ ရက် နံနက်ပိုင်းက တောင်ညွန့်ကြီးရပ်ကွက်အတွင်းနေအိမ်များရှိ ရေအိုးများ၊ ရေစည်များနှင့် အုတ်ကန်များ၊ ခြင်ပေါက်ပွားနိုင် သည့် ရေကြည်ရေသန့်သိုလှောင်ရာနေရာများသို့ အဘိက်(Abate)ဆေးများခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်း များဆောင်ရွက်ပေးခြင်းနှင့် သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်း များကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်(၁)ဒေါ်တင်တင်ဝင်းနှင့် သူနာပြု၊ သားဖွားဆရာမများ၊ အခြေခံကျန်းမာရေးပညာရှင်များ၊  မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သောအဖွဲ့တို့က အိမ်တိုင်ရာရောက်ကွင်းဆင်းဆောင်ရွက်ခဲ့စဉ်။             

                                                                                  
ချစ်စုဝေ (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ