နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်စာရင်းများ ထုတ်ပြန်ကြေညာ

ရန်ကုန်   ဇွန်    ၃၀


၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်စာရင်းများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဇွန်လ ၂၉ ရက်က တရားဝင်ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။


ထိုထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်သွားမည့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ပေါင်း ၃၃၀၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်ပေါင်း ၁၆၈ နယ်၊ တိုင်းဒေသကြီးလွှတ်တော်(သို့မဟုတ်)ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်ပေါင်း ၆၄၄ နယ်နှင့်             တိုင်းဒေသကြီးလွှတ်တော်(သို့မဟုတ်) ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်ပေါင်း ၂၉ နယ်ရှိကြောင်း၊ အဆိုပါ မဲဆန္ဒနယ်စာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အင်တာနက် ဝက်ဘ်ဆိုက် https://www.uec.gov.mm တွင်  ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း  သိရသည်။


မြန်မာနိုင်ငံ၌ လက်ရှိတည်ဆဲမှတ်ပုံတင်ထားသော နိုင်ငံရေးပါတီပေါင်း ၉၇ ပါတီရှိပြီး လာမည့် ရွေးကောက်ပွဲအတွက် ၎င်းတို့ထဲမှ နိုင်ငံတစ်ဝန်းတွင်စည်းရုံးရေးဆင်းမည့် နိုင်ငံရေးပါတီပေါင်း ၇၉ ပါတီနှင့် တိုင်းဒေသကြီး/ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးရေးဆင်းမည့်ပါတီ ၁၈ ပါတီရှိကြောင်း သိရသည်။


ယခုအခါ ပြည်တွင်း၌ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19 ကူးစက်ပြန့်ပွားမှု အခြေအနေများကြောင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ရွှေ့ဆိုင်းပေးရန် နိုင်ငံရေးပါတီအချို့က တောင်းဆိုထားကြကြောင်း သိရသည်။   

 

(ဆောင်းဦး)






အခြားဆက်စပ်သတင်းများ