နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခြေချင်းဝတ်ဒဏ်ရာ ရရှိနေသည့် တိုက်စစ်မှူး ဟယ်ရီကိန်းကို အင်္ဂလန်အသင်း ခေါ်ယူ

မတ်  ၁၉

ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး ဟယ်ရီကိန်းအနေ ဖြင့် ခြေချင်းဝတ်ဒဏ်ရာရရှိနေ ကြောင်း ထုတ်ပြန်ခဲ့သော်လည်း အင်္ဂလန်အသင်း နည်းပြ ဆောက်ဂိတ်က နိုင်ငံတကာ ခြေစမ်းပွဲကစားမည့် အင်္ဂလန် အသင်းလူစာရင်းတွင် ခေါ်ယူခဲ့ ကြောင်းသိရသည်။ 

အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းသည် ဒမ်စတတ် အသင်းနှင့် ကစားခဲ့သည့်ပွဲစဉ် တွင် ဘိုင်ယန်မြူးနစ်အသင်း အတွက် သွင်းဂိုးတစ်ဂိုး သွင်းယူ နိုင်ခဲ့သော်လည်း ပွဲကစားချိန် ၈၂ မိနစ်တွင် ခြေချင်းဝတ် ဒဏ်ရာကြောင့် လူစားလဲထွက် ခွာခဲ့ရပြီး ယခုအခါ ကစားသမား အနေဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း ဘိုင်ယန်မြူးနစ် အသင်းက တရားဝင်ထုတ်ပြန်ခဲ့သော်လည်း နည်းပြ ဆောက်ဂိတ်က အင်္ဂလန်အသင်း လူစာရင်းတွင် ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

အင်္ဂလန် အသင်းသည် နိုင်ငံတကာပြိုင်ပွဲကာလအတွင်း ခြေစမ်းပွဲများအဖြစ် မတ် ၂၃ ရက်တွင်  ဘရာဇီးအသင်းနှင့် လည်းကောင်း၊ မတ် ၂၆ ရက် တွင် ဘယ်လ်ဂျီယံအသင်းနှင့် လည်းကောင်း ဝင်ဘာလေကွင်း တွင် ဧည့်ခံကစားရမည်ဖြစ် သည်။            

             





 သူရိန်






အခြားဆက်စပ်သတင်းများ