နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဥရောပသွင်းဂိုးအများဆုံး ကစားသမားစာရင်းတွင် ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး အမ်ဘတ်ပီ ဦးဆောင်

မတ်  ၁၉

ပြင်သစ်လီဂူးဝမ်း ပွဲစဉ် အဖြစ် ပီအက်စ်ဂျီအသင်းက မောင့်ပယ်လီယာ အသင်းကို ခြောက်ဂိုး၊ နှစ်ဂိုးဖြင့် အနိုင်ရရှိ ခဲ့သည့်ပွဲစဉ်တွင် ပီအက်စ်ဂျီ အသင်း တိုက်စစ်မှူးအမ်ဘတ် ပီသည်အသင်းအတွက် ဟက် ထရစ်သွင်းဂိုး သွင်းယူခဲ့ပြီး နောက် ဥရောပသွင်းဂိုးအများ ဆုံး ကစားသမားစာရင်းတွင် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိ ကြောင်းသိရသည်။ 

လက်ရှိ ဥရောပတွင် အကောင်းဆုံး တိုက်စစ်ကစား သမားများအနက် တစ်ဦးဖြစ်သည့် အမ်ဘတ်ပီသည် မောင့်ပယ်လီ ယာအသင်းနှင့် ကစားခဲ့သည့် ပွဲစဉ်တွင် ပွဲချိန် ၂၂ မိနစ်၊ ၅၀ မိနစ်နှင့် ၆၃ မိနစ်တို့တွင် အသင်းအတွက် ဟက်ထရစ် သွင်းဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ယခုနှစ် ဘောလုံးရာသီတွင် ပြိုင်ပွဲစုံသွင်းဂိုး ၃၈ ဂိုးအထိ ရှိလာခဲ့ပြီး ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်းကို တစ်ဂိုးအသာဖြင့် ကျော်ဖြတ် နိုင်ခဲ့ခြင်းဖြစ်သည်။ 

ဥရောပ သွင်းဂိုးအများဆုံး ကစားသမား စာရင်းတွင် အမ်ဘတ်ပီက ၃၈ ဂိုးဖြင့် ထိပ်ဆုံး၌ ဦးဆောင်လျက်ရှိပြီး ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်းက ၃၇ ဂိုးဖြင့် ဒုတိယနှင့် မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်းက ၂၉ ဂိုးဖြင့် တတိယနေရာတွင် ရပ်တည်လျက်ရှိသည်။ထို့ပြင် အမ်ဘတ်ပီသည် အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၂၉၇ ပွဲ ကစားခဲ့ပြီး သွင်းဂိုး ၂၅၀ ပြည့်မြောက်လာခဲ့ကာ အသင်းသမိုင်း တစ်လျှောက် တွင် သွင်းဂိုးအများဆုံး ကစား သမားအဖြစ် ရပ်တည်လျက်ရှိ ကြောင်းသိရသည်။







သူရိန်






အခြားဆက်စပ်သတင်းများ