နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်တွင်းမှ စီးပွားရေးလုပ်ငန်းရှင်များအနေနှင့် KBZ ibanking မှ တစ်ဆင့် သက်ဆိုင်ရာအစိုးရဌာနများသို့ အခွန်ပေးဆောင်နိုင်ပြီ

ရန်ကုန်   ဇွန်    ၃၀


ပြည်တွင်းမှ စီးပွားရေးလုပ်ငန်းရှင်များအနေနှင့် သက်ဆိုင်ရာအစိုးရဌာများသို့ အခွန်များပေးဆောင်ရာ တွင် အဆင်ပြေလွယ်ကူမှုရှိစေရန် ကမ္ဘောဇဘဏ်လီမိတက်မှ အွန်လိုင်းစနစ်စီစဉ်ပေးထားပြီဖြစ်ကြောင်း သိရသည်။


ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)တွင် မှတ်ပုံတင်ထားသော ပြည်တွင်းမှ စီးပွားရေးလုပ်ငန်းရှင်များအနေနှင့် KBZ iBanking မှတစ်ဆင့် ပြည်တွင်းအခွန်ဦးစီးဌာနသို့ လွယ်ကူလျင်မြန်စွာ အခွန်ပေးဆောင်နိုင်စေရန် စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်သည်။


ပြည်တွင်းအခွန်ဦးစီးဌာနသို့ အခွန်ပေးဆောင်မည့်လုပ်ငန်းရှင်များသည် ကမ္ဘောဇဘဏ်လီမိတက်၏ iBanking ရှိ Payments သို့ဝင်ရောက်ပြီး Tax Payment ကိုနှိပ်ကာ မိမိအခွန်ထမ်းမှတ်ပုံတင်အမှတ်ကို ရိုက်နှိပ်၍ အလွယ်တကူအခွန်ပေးဆောင်နိုင်ကြောင်း သိရသည်။


အခွန်ပေးသွင်းပြီးသောအခါ အခွန်ပေးဆောင်ပြီးကြောင်း သက်သေအထောက်အထားကို သက်ဆိုင်ရာ လုပ်ငန်းရှင်၏ အီးမေးလ်လိပ်စာသို့ပေးပို့သွားမည်ဖြစ်ကြောင်း၊ အဆိုပါ KBZ iBanking မှတစ်ဆင့် အခွန်ပေး ဆောင်လိုသော လုပ်ငန်းရှင်များအနေနှင့် အင်တာနက်ဝက်ဘ်ဆိုက် https://ibanking.kbzbank/B001/login/jsp သို့ဝင်ရောက်ကာ အခွန်ပေးဆောင်နိုင်ကြောင်း သိရသည်။       

     
ကိုဆောင်း(ဥက္ကလာ)






အခြားဆက်စပ်သတင်းများ