နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လီဗာပူးကို အနိုင်ရပြီး မန်ယူအသင်း အက်ဖ်အေဖလား ဆီမီးဖိုင်နယ် တက်လှမ်း

မတ်  ၁၈

အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် မန်ယူအသင်းနှင့် လီဗာပူးအသင်းတို့ ယမန်နေ့ညပိုင်းက အိုးထရက်ဖို့ဒ်ကွင်း၌ ယှဉ်ပြိုင်ကစားကြရာ မန်ယူအသင်းက လီဗာပူးအသင်းကို လေးဂိုး၊ သုံးဂိုးဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ဖြင့် ပွဲထွက်လာခဲ့ပြီး အပြန်အလှန် သွင်းဂိုးများဖြင့် ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ကာ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည်။

ပထမပိုင်း ပွဲကစားချိန် ၁၀ မိနစ်တွင် တိုမီနေး၏ သွင်းဂိုးဖြင့် မန်ယူအသင်း အဖွင့်ဂိုးရရှိခဲ့သော်လည်း နောက်ပိုင်းပွဲချိန်များတွင် လီဗာပူးအသင်းက အကောင်းဆုံးပုံစံဖြင့် ထိန်းချုပ်ကစားသွားပြီး ၄၄ မိနစ်တွင် မက်အလစ္စတာနှင့် ၄၇ မိနစ်တွင် ဆာလာတို့၏ သွင်းဂိုးများဖြင့် ဧည့်သည်လီဗာပူးအသင်းက ပထမပိုင်းကို ဦးဆောင်နိုင်ခဲ့သည်။

ပွဲကစားချိန် ၈၇ မိနစ်တွင် အန်တိုနီ၏ ချေပဂိုးကြောင့် တစ်ဖက်နှစ်ဂိုးစီဖြင့် ပွဲပြီးဆုံးခဲ့ပြီး အချိန်ပိုဆက်လက် ယှဉ်ပြိုင်ခဲ့ရကာ အချိန်ပိုတွင် နှစ်သင်းစလုံး တိုက်စစ်ဖွင့် ကစားခဲ့ခြင်းကြောင့် ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး ၁၀၅ မိနစ်တွင် အီလီယာ့ဒ်၏ သွင်းဂိုးဖြင့် လီဗာပူးအသင်း ဦးဆောင်ဂိုး ရရှိခဲ့သော်လည်း ၁၁၂ မိနစ်တွင် ရက်ရှ်ဖို့ဒ်က မန်ယူအသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပြီး ၁၂၁ မိနစ်တွင် အာမက်က အနိုင်ဂိုးကို သွင်းယူပေးခဲ့ကာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဆင့်တွင် မန်ယူအသင်းက ချန်ပီယံရှစ်ကလပ် ကိုဗန်ထရီအသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး မန်စီးတီးအသင်းနှင့် ချဲလ်ဆီးအသင်းတို့ ယှဉ် ပြိုင်ကစားရမည်ဖြစ်သည်။                                             





သူရိန်






အခြားဆက်စပ်သတင်းများ