နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂွီမာရေးကို စာချုပ်ဖျက်သိမ်းကြေးဖြင့် ခေါ်ယူရန် မန်စီးတီးအသင်း ပြင်ဆင်

မတ်  ၁၈

မန်စီးတီးအသင်းက လာ မည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလတွင် ကွင်းလယ်ပိုင်းအင်အား ဖြည့် တင်းရန်အတွက် နယူးကာ ဆယ်အသင်း ကွင်းလယ်ကစား သမား ဂွီမာရေးကို စာချုပ်ဖျက် သိမ်းကြေးဖြင့် ခေါ်ယူရန် ပြင် ဆင်နေကြောင်းသိရသည်။

မန်စီးတီး အသင်းသည် ကွင်းလယ်ဖန်တီးမှုအပိုင်းတွင် ဒီဘရိုင်းတစ်ဦးကိုသာ အား ထားနေရသည့်အတွက်နည်းပြ ဂွါဒီယိုလာက ကွင်းလယ် ဖန်တီးမှုပိုင်းအားကောင်းသည့် ဂွီမာရေးကိုခေါ်ယူ၍ အင်အား ဖြည့်တင်းရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ 

အသက် ၂၆ နှစ်အရွယ်ရှိ ဂွီမာရေးသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က လိုင်ယွန်အသင်းမှ နယူးကာဆယ် အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ဘောလုံး ရာသီတိုင်းတွင် အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့ကာ ပရီးမီး ယားလိဂ်ပြိုင်ပွဲ၌ အကောင်းဆုံး ကွင်းလယ်ကစားသမားများ ထဲတွင် တစ်ဦးအပါအဝင်အဖြစ် ရပ်တည်လျက်ရှိသောကြောင့် မန်စီးတီးအသင်းက စာချုပ် ဖျက်သိမ်းကြေး စတာလင်ပေါင် သန်း ၁၀၀ အထိ ပေးချေကာ ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရသည်။                     





 သူရိန်






အခြားဆက်စပ်သတင်းများ