နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်သူကို ဗဟိုပြုအလေးထား

ယနေ့ခေတ်ကာလတွင် ခေတ်စနစ်နှင့်အညီ ပွင့်လင်းလွတ်လပ် သည့် လူ့အဖွဲ့အစည်းကိုတည်ဆောက်နေရာ အချို့နေရာများတွင် အလွန်အကျွံလွတ်လပ်မှု၊ ပွင့်လင်းမှုများကြောင့် မမြင်သင့်၊ မကြား အပ်သော ဖြစ်စဉ်များ ဖြစ်ပွားလာသည်ကိုတွေ့ရသည်။

လွတ်လပ်ပွင့်လင်းမှုကို ကြိုဆိုသော်လည်း စည်းလွတ်၊ ဝါးလွတ်၊ လွတ်လပ်ပွင့်လင်းမှု၊ လုပ်ချင်ရာလုပ်လိုမှုကို မရှိဖို့ လိုအပ်မည်ဖြစ်သည်။ အများပြည်သူတို့ လွတ်လပ်စွာနေထိုင် လှုပ်ရှားမှုများကို ခွင့်ပြုထားသော်လည်း ရပ်ရွာအေးချမ်းသာယာ ရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသည့်လှုပ်ရှားမှုများကို ကာကွယ်စောင့်ရှောက်ပေးကြရသည်။

ရပ်ရွာအေးချမ်းသာယာရေးနှင့်   တရားဥပဒေစိုးမိုးရေး သည် နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခုအတွက် လိုအပ်ချက်တစ်ရပ်ပင် ဖြစ်သည်။  ရပ်ရွာအေးချမ်းသာယာမှ ကောင်းမွန်သော အသက် မွေးဝမ်းကျောင်းပြုနိုင်ပြီး လူမှုဘဝလှပါမည်ဖြစ်သည်။ အထူးသဖြင့် အေးချမ်းသာယာမှုနှင့် လူမှုဘဝလုံခြုံရေးကို ပျက်စီးတတ်သော ဒုစရိုက်မှု၊ အနိုင်အထက်ပြုကျင့်မှုတို့ မပေါ်ပေါက်လာအောင် အကာအကွယ်ပေးခြင်းသည် အားလုံးတွင် တာဝန်ရှိသကဲ့သို့ သက်ဆိုင်ရာတို့တွင်လည်း တာဝန်ရှိသည်။

ပြည်သူများ ဘဝကို မျက်ကွယ်မပြုသကဲ့သို့ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ထာဝစဉ်အကာ အကွယ်ပေးရေးတွင် သက်ဆိုင်ရာလုံခြုံရေးဆိုင်ရာတွင် တာဝန် ရှိသည်။ 

မြန်မာနိုင်ငံ‌တော်ကြီးတွင် နိုင်ငံရေး၊ စီးပွားရေး၊ အရေးအားလုံး ၌ ရုန်းကန်နေရသည်။ ကာကွယ်ရေး၊ လုံခြုံရေးအသိအမြင်များနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းနေရသကဲ့သို့ အမျိုးသားရင်ကြားစေ့ရေး ကိုလည်း ကြိုးစားတည်ဆောက်နေရသည်။ နိုင်ငံတော်၏ အချုပ် အခြာကို ပဲ့ပါမသွားအောင် ကာကွယ်စောင့်ရှောက်နေရသည်။

ယင်းကဲ့သို့အခြေအနေတွင် အသက်သွေးချွေးပေးဆပ်မှုများစွာ နှင့် ကျေကျေပွန်ပွန် ထမ်းဆောင်နေသည်မှာ တပ်မတော်သားများ ပင် ဖြစ်သည်။ တပ်မ‌တော်သားများသည် ခေတ်အဆက်ဆက် တာဝန်ကျေခဲ့ကြသည်။ ယနေ့ခေတ်အခြေအနေအရ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့သည် မတည်ငြိမ်မှုများကို နေရာအနှံ့ရင်ဆိုင် နေကြရသည်။ ဤနေရာတွင် ပြည်သူအား အများကြီးလိုသည်။ ပြည်သူမရှိလျှင် တပ်မတော်ဖြစ်မလာသကဲ့သို့ တပ်မတော်မရှိလျှင် မငြိမ်းချမ်းနိုင်ပါ။

သို့ဖြစ်ရာ ယနေ့အချိန်အခါကာလတွင် ရပ်ရွာအေးချမ်းသာယာ ရေးနှင့် တရားဥပဒေစိုးမိုးရေး အလေးထားဆောင်ရွက်ရာတွင် ပြည်သူကိုအကာအကွယ်ပေးပြီး၊ မတရားမှုကို တားဆီးပေးနိုင် သော ပြည်သူဘက်က မားမားမတ်မတ် တာဝန်သိသိ၊ သစ္စာရှိရှိ စွမ်းဆောင်ပေးမည့်သူများကိုသာ ယုံစားကြမည်ဖြစ်သည်။ ပြည်သူ အားနှင့် တည်ဆောက်ထားသော တပ်မတော်ရှိနေသ၍ တိုင်းပြည် လည်း အင်အားတောင့်တင်းနေမည်ဟု ဆိုချင်ပါကြောင်း။     






အခြားဆက်စပ်သတင်းများ