မတ် ၁၇
လီဗာပူးအသင်းသည်ဘာစီ လိုနာအသင်းက ခေါ်ယူရန် ကြိုးပမ်းနေသည့် တောင်ပံ ကစားသမား လူးဝစ်ဒီးယက်ဇ် ကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၂၀ နှင့် ၁၄၅ သန်းကြား ရရှိပါက ရောင်းချရန် ပြင်ဆင် ထားကြောင်း သိရသည်။
လူးဝစ်ဒီးယက်ဇ်သည် ယခုနှစ် ဘောလုံးရာသီ လီဗာပူး အသင်းနှင့်အတူ ပြိုင်ပွဲစုံ၃၄ ပွဲ ပါဝင်ကစားခဲ့ရာတွင်သွင်းဂိုး ကိုးဂိုးနှင့် ဂိုးဖန်တီးမှုသုံးကြိမ် ထိပြုလုပ်ကာ ခြေစွမ်းပြသနိုင်ခဲ့ သော်လည်း ၎င်း၏အနာဂတ်နှင့် ပတ်သက်၍ လီဗာပူးအသင်း တွင် အာမခံချက်မရှိသဖြင့် အသင်းမှ ထွက်ခွာရန်ဆန္ဒရှိနေ ချိန်တွင် ဘာစီလိုနာ အသင်း ဥက္ကဋ္ဌလာပေါ်တာကလူးဝစ်ဒီး ယက်ဇ်နှင့်တွေ့ ဆုံကာမြင့်မား သည့် ပြောင်းရွှေ့ကြေးဖြင့်ခေါ် ယူရန် ကြိုးပမ်းလျက်ရှိသည်။
လူးဝစ်ဒီးယက်ဇ်၏ ဖခင်က လည်း၎င်း၏သားဖြစ်သူသည် လာမည့်နွေရာသီတွင်ဘာစီ လိုနာအသင်းသို့ပြောင်းရွှေ့ ဖွယ် ရှိကြောင်း ပြောကြားထားပြီး လီဗာပူးအသင်းကတောင်း ဆို ထားသည့် ပြောင်းရွှေ့ကြေးမှာ မြင့်မားနေသဖြင့် ငွေကြေးသုံး စွဲမှုကန့်သတ်ချက်ရှိနေသည့် ဘာစီလိုနာအသင်းအတွက် အခွင့်အရေးနည်းပါး နေသော် လည်း အသင်းဥက္ကဋ္ဌ လာပေါ် တာက ကစားသမားနှင့် ဆွေးနွေး မှုပြုလုပ်၍ လုပ်ခလစာ ညှိနှိုင်း မှုများ ပြုလုပ်ကာ ခေါ်ယူရန်ပြင် ဆင်နေကြောင်း သိရသည်။
သူရိန်