နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်ကြီးတံခွန်မြို့နယ်တွင် အခြေခံလူတန်းစားများအတွက် စားသောက်ကုန်များ အထူးနှုန်းဖြင့်ရောင်းချ

မန္တလေး   ဇွန်   ၃၀


မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ညီနောင်အသင်းများ ပူးပေါင်း၍ အခြေခံစားသောက်ကုန်များဖြစ်သော ဆန် ၁ ပြည်၊ ပဲဆီသန့် ၁၅ ကျပ်သားတစ်ဘူး၊ လက်ဖက် အကြော်စုံ ၆ ထုပ်၊ ငရုတ်သီးမှုန့် ၁ ထုပ်၊ ကုလားပဲ ၅၀ ကျပ်သား၊ ကြက်ဥ ၆ လုံး၊ ပြန်လည်လျှော်ဖွပ်နိုင်သည့် နှာခေါင်းစည်း ၃ ခု၊ လက်ဆေး Hand Gel Sanitizer  ၁ ဘူး၊ ကြက်သွန်နီ ၁ ပိဿာ၊ ကာလတန်ဖိုးကျပ် ၇၀ဝ၀ တန်ဖိုးရှိပစ္စည်းများကို မူလတန်ဖိုးထက်လျှော့ပြီး အခြေခံလူတန်းစားများအတွက် တစ်ထုပ်လျှင် ငွေကျပ် ၂၀ဝ၀ နှုန်းဖြင့် မန္တလေးခရိုင်(၇)မြို့နယ်သို့ လှည့်လည်ရောင်းချလျက်ရှိသည်။


လူစုလူဝေးရှောင်ရှားနိုင်ရန် စားသောက်ကုန်ပစ္စည်းများအား မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းမှသေချာစွာထုပ်ပိုးပြီး မန္တလေးခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများမှ ရပ်ကွက်နေပြည်သူများနေထိုင်ရာ အိမ်အရောက်ရောင်းချရန် စီစဉ်လျက်ရှိရာ ဇွန် ၂၉ ရက်မွန်းလွဲ ၂ နာရီက ပြည်ကြီးတံခွန်မြို့နယ် ၅၈ လမ်း၊ (စ)ရပ်ကွက်နှင့် ငွေတော်ကျီကုန်းရပ် ရပ်ကွက်များတွင် အခြေခံလူတန်းစားများအား စားသောက်ကုန်များရောင်းချပေးရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦး၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်မင်းနှင့် အမှုဆောင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ကူညီဆောင်ရွက်ပေးကြသည်။                                             

မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ