နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပန်းခင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်

နိုင်ငံသားတစ်ယောက်တွင် မရှိမဖြစ်လိုအပ်သောအရာသည် နိုင်ငံသားအသိအမှတ်ပြုလက်မှတ်ဖြစ်သည်။ နိုင်ငံသားတစ်ဦးသည် မဖြစ်မနေကိစ္စဝိစ္စတို့ကို ဆောင်ရွက်ရာတွင်လည်းကောင်း၊ ခရီးသွား လာရာတွင်လည်းကောင်း၊ နိုင်ငံသားအသိအမှတ်ပြု လက်မှတ်သည် မရှိမဖြစ်လိုအပ်သည်။ နိုင်ငံသားစိစစ်ရေးလက်မှတ်သည်  ဘဝ အတွက်လိုအပ်ချက်၊ ဘဝအတွက်သက်သေခံအမှတ်လက္ခဏာတစ်ခု ဖြစ်သည်။ သို့ဖြစ်၍ အရွယ်ရောက်သူ နိုင်ငံသားတိုင်းသည် နိုင်ငံသား စိစစ်ရေးလက်မှတ်ကို မဖြစ်မနေပြုလုပ်လာရန်လိုအပ်သည်။

 မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားများဖြစ်သည့် မွေးရာပါ နိုင်ငံသားများအပြင် တိုင်းရင်းသားမဟုတ်သော်လည်း ဥပဒေနှင့် အညီ နိုင်ငံသားအရည်အချင်းရှိသည့် ဥပဒေအရ နိုင်ငံသားများလည်း ရှိနေသည်။

လက်ရှိတွင် ပြည်သူများအနေဖြင့် လုပ်ထုံးလုပ်နည်းမသိ၍ လည်းကောင်း၊ မိသားစုအချက်အလက် မစုံလင်၍လည်းကောင်း၊ အမှုမဲ့အမှတ်မဲ့ဖြင့် အဆင်ပြေသလိုနေထိုင်၍ရနေသဖြင့်လည်း ကောင်းစသည့်အကြောင်းအမျိုမျိုးကြောင့် အိမ်ထောင်စုလူဦးရေ စာရင်းမရှိသူများနှင့်ကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုး လက်ဝယ်မရှိ သေးသူများရှိနေဆဲဖြစ်သည်။

ထို့ကြောင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်း၏ ပြဌာန်းထားသည့် ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းထုတ်ပေးခြင်းနှင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများ ဥပဒေအရ နိုင်ငံ သားဖြစ်တည်မှုအရည်အချင်းအပေါ်မူတည်၍ ကိုင်ဆောင်သင့်သည့် အသိအမှတ်ပြုကတ်ပြားတစ်မျိုးမျိုးထုတ်ပေးရေးကို ခေတ်အဆက် ဆက်ဆောင်ရွက်လျက်ရှိရာ ပန်းခင်း (၃) စီမံချက်ဖြင့် အိမ်ထောင်စု   လူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း လုပ်ငန်းများတွင် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက် ကြရန်လိုအပ်သည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ရုံးမှဝန်ထမ်းများက သက်ဆိုင်ရာကျေးရွာအုပ်စုများတွင် အသက် ၁၆နှစ် နှင့်အထက်ကိုင်ဆောင်လက်မှတ်မရှိသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းမရှိသည့် စဉ်ဆက်မပြတ် အမြဲနေထိုင်သူများအား ငါးဦးကော်မတီဖြင့်စိစစ်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအား သက်ဆိုင်ရာ မြို့နယ်များနှင့်ချိတ်ဆက်ညှိနှိုင်းပယ်ဖျက်၍ အိမ်ထောင်စုလူဦးရေစာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။သို့ဖြစ်ရာ နိုင်ငံသားများ၊ နိုင်ငံသားအခွင့်အရေးကိုအပြည့်အဝ ရယူခံစားနိုင်ရေးအတွက် လူတိုင်းနိုင်ငံသားအထောက်အထားတစ် မျိုးမျိုးရှိနေစေရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။      






အခြားဆက်စပ်သတင်းများ