နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့(မြေယာရှုခင်းနှင့်အားကစားကွင်းများ)မှ ရန်ကုန်မြို့လမ်းဘေးဝဲယာမြေယာရှုခင်းပြုပြင်ဆောင်ရွက်

ရန်ကုန် ဇွန် ၃၀


မြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့(မြေယာရှုခင်းနှင့်အားကစားကွင်းများ)မှ ဇွန် ၂၉ ရက်တွင် မှော်ဘီမြို့နယ် ပြည်လမ်း လမ်းလယ်ကျွန်း မြက်စိုက်ခြင်း၊ လှည်းတန်းတြိဂံ ထိန်းသိမ်းရေးဆောင်ရွက်ခြင်း၊ ဒညင်းကုန်းတြိဂံ ကြံ့စာပင်ပုံသွင်းခြင်း၊ တက္ကသိုလ်ရိပ်သာလမ်းသစ်မြစ်တူးခြင်း၊ ပန်းဘဲတန်းမြို့နယ်ဗိုလ်ချုပ်လမ်း ရေတမာပင်များပုံသွင်းခြင်း၊ အင်းလျားကန်ပေါင်(ကမ္ဘာအေး)ရေမြောင်းအတွင်းမှအပင်များရှင်းလင်းခြင်း၊ အထက(၄)အလုံကျောင်းရှေ့သစ်ကိုင်းများရှင်းလင်းခြင်း၊ မြောက်ဥက္ကလာပမြို့နယ်(ည)ရပ်ကွက် လမ်းတိုးချဲ့ရာတွင်မလွတ်ကင်းသည့်အပင်များရှင်းလင်းခြင်း၊ ဒေါပုံမြို့နယ် ကျည်စုရပ်ကွက် ဗန်ဒါပင်လဲ၍ဓါတ်တိုင်နှင့်ငြိနေမှုအားရှင်းလင်းခြင်း၊ ဒဂုံမြို့နယ် သံတမန်လမ်းရှိ မေရိချပ်မင်းကျောင်းသို့ ထင်းများပို့ဆောင်လှူဒါန်းခြင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာ့ဂုဏ်ရည်လမ်းတွင်သစ်ပင်ခြောက်များရှင်ဒးလငးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။


သွင်မောင်မောင်






အခြားဆက်စပ်သတင်းများ