နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၈၆)နှင့် (၁၈၆/၁)ကြားတွင် ယာဉ်တိမ်းမှောက်

နေပြည်တော် ဇွန် ၂၉


  ဇွန် ၂၇ ရက်၊ ညနေ ၆ နာရီ ၂၀ မိနစ်အချိန်ခန့်၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၈၆)နှင့်(၁၈၆/၁)ကြားတွင် ယာဉ်မောင်း (စုံစမ်းဆဲ)မောင်းနှင်လာသော ယာဉ်အမှတ် (YGN-BB/xxxx) PROBOX အမျိုးအစား(အဖြူရောင်) ယာဉ်သည် ယာဘက်အနောက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိသစ်ပင်အား ဝင်ရောက်တိုက်၍ တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါသည်။

 အဆိုပါ ဖြစ်စဉ်ဖြစ်ပွားသည့်နေရာသို့ ပလွေးအမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ် ယာဉ်တစ်စီးဖြင့် သွားရောက်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ည ၇ နာရီ ၁၀ မိနစ်အချိန်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပါသည်။


 အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအပါအဝင် အမျိုးသား(၄)ဦးအနက်၊ အမျိုးသား (၁)ဦးမှာ သေဆုံးသွားခဲ့ပြီး အမျိုးသား(၃)ဦးတွင် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် နေပြည်တော်ကုတင် (၁၀၀၀)ဆံ့ ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းနှင့် ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း(စုံစမ်းဆဲ)အား ပလွေးအမြန်လမ်းမကြီးရဲစခန်း၊ ယာဉ်(ပ)၁၂/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၀၂/၃၃၇/၃၃၈/၃၀၄-(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။                

ဆွေဦး






အခြားဆက်စပ်သတင်းများ