နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်တွင် အာဆင်နယ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ တွေ့ဆုံ

မတ်  ၁၆

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့် မဲခွဲပွဲကို ယမန်နေ့က ပြုလုပ်ရာ အာဆင်နယ်အသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ထိပ်တိုက်တွေ့ဆုံလျက်ရှိကြောင်း သိရ သည်။ယခုနှစ် ဘောလုံးရာသီ နည်းပြ အာတီတာလက်အောက်တွင် ပုံစံကောင်း ပြသနေသည့် အာဆင်နယ်အသင်း သည် ၁၄ နှစ်အတွင်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို ပထမဆုံးအကြိမ် တက် လှမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး ကွာတားဖိုင်နယ်တွင် ဂျာမန်ကလပ် ဘိုင်ယန် မြူးနစ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။အာဆင်နယ်အသင်းသည် ဘိုင်ယန်မြူးနစ်အသင်းနှင့် တွေ့ဆုံ သည့် ပွဲစဉ် ၁၂ ပွဲတွင် သုံးပွဲသာ အနိုင်ရရှိထားပြီး နှစ်ပွဲသရေ၊ ခုနစ် ပွဲရှုံး ရလဒ်ထွက်ပေါ်ထားသည်။

ထို့ပြင် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်တွင် အက်သလက် တီကိုနှင့် ဒေါ့မွန်၊ ရီးရဲလ်မက်ဒရစ်နှင့် မန်စီးတီး၊ ပီအက်စ်ဂျီနှင့် ဘာစီလိုနာအသင်းတို့ တွေ့ဆုံလျက်ရှိပြီး ကွာတားဖိုင်နယ်ပထမ အကျော့ကို ဧပြီ ၉ ရက်နှင့် ၁၀ ရက်၊ ဒုတိယအကျော့ကို ဧပြီ ၁၆ ရက်နှင့် ၁၇ ရက်တွင် ကစားရမည်ဖြစ်ကာ ဗိုလ်လုပွဲကို ဇွန် ၁ ရက်တွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ ဝင်ဘလေကွင်းတွင် ကျင်းပ မည်ဖြစ်သည်။

အလားတူ ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဆင့်တွင် အေစီမီလန် နှင့် ရိုးမား၊ လီဗာပူးနှင့် အတ္တလန်တာ၊ လေဗာ ကူဆင်နှင့်ဝက်စ်ဟမ်း၊ ဘင်ဖီကာနှင့် မာဆေးလ်အသင်းတို့ တွေ့ဆုံလျက်ရှိပြီး ယူရိုပါကွန်း ဖရန့်လိဂ်ကွာတား ဖိုင်နယ်အဆင့်တွင် ကလပ်ဘရုဂေးနှင့်PAOK၊ အိုလံပီယာကော့စ်နှင့် ဖီနာဘာချီ၊ အက်စတွန်ဗီလာနှင့်လိုင်လီ၊ ဗစ်တိုးရီးယားပလာဇန်နှင့် ဖီအိုရင်တီးနားအသင်းတို့ အသီးသီး တွေ့ဆုံလျက်ရှိကြောင်း သိရသည်။






သူရိန်






အခြားဆက်စပ်သတင်းများ