မတ် ၁၆
ပီအက်စ်ဂျီအသင်းသည် လာမည့်နွေရာသီ အပြောင်း အရွှေ့ ကာလတွင်အသင်းမှ ထွက်ခွာ မည့် တိုက်စစ်မှူး အမ်ဘတ်ပီ နေရာတွင် အစားထိုးနိုင်ရန် ဘာစီလိုနာအသင်းတွင်ခြေစွမ်း ပြ ကစားနေသည့် တိုက်စစ်မှူး ယာမယ်ကို ယူရိုသန်း ၂၀၀ဖြင့် ခေါ်ယူရန် ပြင်ဆင်လျက်ရှိ ကြောင်း သိရသည်။
အသက် ၁၆ နှစ်အရွယ်ရှိ တိုက်စစ်မှူး ယာမယ်သည်ယခု နှစ် ဘောလုံးရာသီမှဘာစီလိုနာ အသင်းကြီးနှင့်စတင်ပူးပေါင်း ခွင့် ရခဲ့ပြီး အသင်းနှင့် ပွဲထွက်ခွင့် ရသည့် ပွဲစဉ်တိုင်းတွင် ခြေစွမ်း ပြသနေသူဖြစ်သည်။
လက်ရှိတွင်ပီအက်စ်ဂျီ အသင်းကကစားသမား၏ အေးဂျင့် ဖြစ်သူနှင့် ဆွေးနွေးရန် ကြိုးပမ်းနေပြီး ဘာစီလိုနာ အသင်းဥက္ကဋ္ဌနှင့် တွေ့ဆုံသွား မည်ဖြစ်သောကြောင့် အပြောင်း အရွှေ့ဖြစ်မြောက်ခဲ့ပါက ယာမယ် သည် ပီအက်စ် ဂျီအသင်း သမိုင်းတွင် ဒုတိယမြောက်ပြောင်း ရွှေ့ကြေးအများဆုံး ကစားသမား ဖြစ်လာမည်ဖြစ်သည်။
ဘာစီလိုနာ အသင်းအနေ ဖြင့် လာမည့် ၂၀၂၆ ခုနှစ်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည့် လူငယ်ကစားသမား ယာမယ် ကို ရောင်းချသွားရန်ဆန္ဒမရှိ သော်လည်း အသင်းတွင်ရှိသည့် ကစားသမားများ၏လုပ်ခလစာ ကြီးမြင့်မှုကြောင့်ယာမယ်ကို ရောင်းချ၍ ဘဏ္ဍာရေးအခက် အခဲကို ဖြေရှင်းနိုင် ဖွယ်ရှိ ကြောင်း သိရသည်။
သူရိန်