ရန်ကုန် ဇွန် ၂၉
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက် ဖမ်းဆီး ခြင်းဆောင်ရွက်ခဲ့ရာ ဇွန် ၂၈ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် (၇)ရပ်ကွက်၊ မတူပီလမ်းမပေါ်၌ ဓားကိုင်သောင်းကျန်းနေသော ဝင်းမြင့်အောင်ထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၈ နာရီ ၄၅ မိနစ်အချိန်တွင် (၂၃)ရပ်ကွက်၊ စက်မှုဇုန်(၁)၊ ယောက်ကော်လမ်းနှင့် ဟားခါးလမ်းထောင့်၌ ရဲမင်းထွန်းထံမှ အရိုးအသွား(၁၆) လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ည ၁၀ နာရီခွဲအချိန်တွင် (၁၀၆)ရပ်ကွက်၊ ဂရုဏာလမ်းနှင့် ရတနာပုံလမ်းထောင့်၌ စိုးမိုးထံမှ အရိုးအသွား(၁၀)လက်မခန့်ရှိ ထိပ်ဦးချွန်ဓား တစ်ချောင်းကို လည်းကောင်း၊
မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ဇွန် ၂၈ ရက်၊ ညနေ ၆ နာရီ ၂၀ မိနစ်အချိန်တွင် ကြံခင်းစု ရပ်ကွက်၊ အောင်မေတ္တာလမ်းထောင့်၌ ဓားကိုင်သောင်းကျန်းနေသော တေဇာလင်းထံမှ အရိုးအသွား (၂၂) လက်မခန့်ရှိ ထိပ်ဦးချွန်ဓါးရှည်တစ်ချောင်းကိုလည်းကောင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၁၀ နာရီ ၁၀ မိနစ်အချိန်တွင် (၁၀)ရပ်ကွက်၊ စစ်ကိုင်းလမ်းမကြီးပေါ်၌ ဖြိုးသုတထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ကတ်ကြေးတစ်ချောင်းနှင့် ည ၁၀ နာရီခွဲအချိန်တွင် ခိုင်သူထံမှ အရိုးအသွား(၉)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ည ၁၁ နာရီခွဲအချိန်တွင် (၂၀)ရပ်ကွက်၊ ဗိုလ်တေဇလမ်းမပေါ်၌ သီရိထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း သိမ်းဆည်းရရှိ၍ သက်ဆိုင်ရာ ရဲစခန်းအသီးသီးတွင် လက်နက် အက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။
ဆွေဦး