မတ် ၁၅
ယခုနှစ် ဘောလုံးရာသီ လိုင်လီအသင်း ခံစစ်ပိုင်းတွင် ခြေစွမ်းပြ ကစားနေသည့် ခံစစ် ကစားသမား ယိုရိုကို မန်ယူ အသင်းက ခေါ်ယူရန် ပြင်ဆင် နေကြောင်း သိရသည်။
အသက် ၁၈ နှစ်အရွယ်ရှိ ယိုရိုသည် ယခုနှစ် ဘောလုံး ရာသီ အမှတ်ပေးပြိုင်ပွဲ ၂၃ ပွဲထိ ပါဝင်ခွင့်ရခဲ့ပြီး သွင်းဂိုး နှစ်ဂိုး သွင်းယူ၍ ခြေစွမ်းပြသနိုင်ခဲ့ သော်လည်း ၎င်းအနေဖြင့် လာမည့်နှစ် ဘောလုံးရာသီတွင် အသင်းမှ ထွက်ခွာရန် ဆန္ဒရှိ နေသောကြောင့် လီဗာပူးအသင်း အပါအဝင် ဥရောပထိပ်သီး ကလပ်အသင်းများက ချိတ်ဆက် နေချိန်တွင် မန်ယူအသင်းက လက်ဦးမှုရယူနိုင်ရန် ကြိုးပမ်း နေခြင်းဖြစ်သည်။
ခံစစ်ကစားသမား ယိုရို သည် လိုင်လီအသင်းနှင့် ၂၀၂၅ ခုနှစ်မှ စာချုပ်သက်တမ်းကုန်ဆုံး မည်ဖြစ်သော်လည်း လာမည့် နွေရာသီတွင် အသင်းမှထွက်ခွာ ရန် ဆုံးဖြတ်ထားပြီး မည်သည့် အသင်းသို့ ပြောင်းရွှေ့မည်ကို မဆုံးဖြတ်ရသေးကြောင်း ပြော ကြားခဲ့သည်။
လက်ရှိတွင် မန်ယူအသင်း သည် ဘယ်တောင်ပံ ခံစစ်ပိုင်း ပြဿနာကို ဖြေရှင်းနိုင်ရန် အတွက် အင်အားဖြည့်တင်းမှု ပြုလုပ်မည်ဖြစ်ပြီး လူငယ်ကစား သမား ယိုရိုကို ဦးစားပေးပစ်မှတ် ထားနေခြင်းဖြစ်သည်။
သူရိန်