မတ် ၁၅
ပီအက်စ်ဂျီအသင်းက ယခု နှစ် ဘောလုံးရာသီအကုန်တွင် အသင်းမှ ထွက်ခွာမည့် အမ်ဘတ် ပီ၏ နေရာတွင် အစားထိုးရန် မန်ယူအသင်း တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၇၅ သန်းဖြင့် ကမ်းလှမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
ပီအက်စ်ဂျီ အသင်းသည် အဓိက တိုက်စစ်မှူး အမ်ဘတ်ပီ ကို လက်မလွှတ်လိုသည့်အတွက် သက်တမ်းတိုးစာချုပ် ချုပ်ဆို ရန် ကမ်းလှမ်းခဲ့သော်လည်း အမ်ဘတ်ပီကိုယ်တိုင်က ရီးရဲလ် မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ လိုသည့်အတွက် ကမ်းလှမ်းမှု များကို ပယ်ချခဲ့ပြီး ရာသီအကုန် တွင် အသင်းနှင့် သေချာပေါက် လမ်းခွဲမည်ဖြစ်သောကြောင့် ၎င်း ၏နေရာတွင် အစားထိုးနိုင်ရန် ကစားသမားကို လက်ရှိအချိန် တည်းက ရှာဖွေနေခြင်းဖြစ်သည်။
ပီအက်စ်ဂျီ အသင်းသည် အစောပိုင်းကလည်း နာပိုလီ အသင်းနှင့် အနာဂတ်မရေမရာ ဖြစ်နေသည့် အိုဆီမန်၊ ဘာစီလိုနာ အသင်းမှ ယာမယ်၊ လီဗာပူး အသင်းမှ ဒီးယက်ဇ်၊ အေစီမီလန် အသင်းမှ ရာဖေးလီအိုတို့ကို စောင့်ကြည့်ခဲ့ပြီး ယခုအခါ ဦးစားပေးပစ်မှတ်အဖြစ် ရက်ရှ်ဖို့ဒ် ကို ပြောင်းရွှေ့ကြေး စတာလင် ပေါင် ၇၅ သန်းဖြင့် ကမ်းလှမ်းရန် ပြင်ဆင်နေခြင်းဖြစ်သည်။
သူရိန်