ရန်ကုန် ဇွန် ၂၉
မြန်မာနိုင်ငံအနေနှင့် ကိုဗစ်ရောဂါကူးစက်မှုနည်းပါးသည့်နိုင်ငံများနှင့် ခရီးသွားပူဖောင်း (Travel Bubbles) တည်ဆောက်လုပ် ကိုင်ဆောင် ရွက်သင့်ကြောင်း Myanmar Hong Kong Chamber of Commerce and Industry ၏အကြံပြုသတင်းပေးပို့ချက်များအရသိရသည်။ ယခုအခါကမ္ဘာပေါ်ရှိ ကိုဗစ်ရောဂါသက် ရောက်ခံစားနေရသည့်နိုင်ငံအများစုအနေနှင့် အဆိုပါ COVID19 ကာလအတွင်း နိုင်ငံတကာခရီးသွားလုပ်ငန်း များ ပြန်လည်စတင်ဆောင်ရွက်နိုင်ရေးအတွက် ခရီးသွားပူဖောင်း(Travel Bubbles)အစီအစဉ်များကိုတည် ဆောက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါခရီးသွားပူဖောင်း (Travel Bubbles)သည် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်သည့်ဒေသများ နိုင်ငံများအကြားတွင် ဝင်/ထွက်ပေါက်များကို အပြန်အလှန်ဖွင့်လှစ်ခွင့်ပြုရန်သဘော တူညီချက်ရယူပြီး အခြားနိုင်ငံများနှင့်ဝင်/ထွက်မှုများ ဆက်လက်ပိတ်ထားကာခရီးသွားလုပ်ငန်းများကို ပြန်လည်စတင်လုပ်ကိုင်ဆောင်ရွက်သည့်အစီအစဉ်ဖြစ်သည်။ အဆိုပါခရီးသွားပူဖောင်း(Travel Bubbles)အစီအစဉ်ဖြင့်အဆိုပါ ခရီးသွားပူဖောင်း(Travel Bubbles) တည်ဆောက်ထားသည့်နိုင်ငံများအကြားအပြန်အလှန် ခရီးသွားရောက်လည်ပတ်နိုင်မည်ဖြစ် သည်။ အဆိုပါ ပူဖောင်းဒေသအတွင်းသို့ သဘောတူညီထားသည့်နိုင်ငံများမှလွဲပြီး အခြားနိုင်ငံများကဝင် ရောက် နိုင်မှာမဟုတ်သဖြင့်လွတ်လပ်စွာ ခရီးသွားလာခွင့်ရရှိနိုင်မည်ဖြစ်သကဲ့သို့ ထိခိုက်နစ်နာမှုများလည်းမရှိ ကြောင်း လေ့လာသူပညာရှင်များကလက်ခံထားကြကြောင်းသိရသည်။
ယခုအခါနိုင်ငံတကာတွင်သြစတြေးလျနှင့်နယူးဇီလန်နိုင်ငံများအကြား၊ တရုတ်နိုင်ငံ၊ ဟောင်ကောင်၊ထိုင် ဝမ်ဒေသ၊ ကိုရီးယားနိုင်ငံများအကြား ၊အစ္စရေး၊ ဂရိနှင့်ဆိုက်ပရပ်စ်နိုင်ငံများအကြား၊ ဥရောပနိုင်ငံသုံးနိုင်ငံ ဖြစ်သည့်အက်စ်တိုးနီးယား၊လပ်ဗီယားနှင့်လစ်သူရေးနီးယားနိုင်ငံများအကြားတွင်ဘောလ်တစ်ပူဖောင်း (Baltic Bubble) အဖြစ်တည်ဆောက်ပြီး လုပ်ငန်းများပြန်လည်ဖွင့်လှစ်နိုင်ရန်စီစဉ် ဆောင်ရွက်နကြပြီဖြစ် သည်။ အဆိုပါခရီးသွားပူဖောင်း (Travel Bubbles)အရ သဘောတူညီထားသည့် ဒေသများအကြားလွတ်လပ် စွာခရီး သွားလာခွင့်နှင့် မိမိကိုယ်ကို စောင့်ကြပ်ကြည့်ရှုစစ်ဆေးမှု (Self-quarantine)လိုအပ်ချက်တွေကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ယခုအခါနိုင်ငံတကာတွင်နိုင်ငံအများစုကလည်း အဆိုပါခရီးသွား ပူဖောင်း (Travel Bubbles) ဒေသအစီအစဉ်များကိုစတင် ဆောင်ရွက်ရန်စီစဉ်ဆောင်ရွက်နေကြပြီ ဖြစ်သည်။
ထို့ကြောင့်ခရီးသွားပူဖောင်း (Travel Bubbles) ဒေသတည်ဆောက်လုပ်ကိုင်ဆောင်ရွက်မှု အစီ အစဉ်များကို မြန်မာနိုင်ငံအနေနှင့်လည်း ခရီးသွားကန့်သတ်မှုများကို ပြန်လည်စတင်ဖြေလျှော့ချိန်ပေးနေ ချိန်တွင် ရောဂါကူးစက်မှု နည်းပါးသည့်ဟောင်ကောင်ဒေသ၊ မကာအိုဒေသများ၊ ကိုရီးယားနိုင်ငံကဲ့သို့သော နိုင်ငံများနှင့် ပြန်လည်စတင်ဖွင့်လှစ်ပြီး ဒေသတွင်းမှာ အခွင့်အလမ်းတွေကို လက်ဦးမှုရယူပြီး ခရီးသွားပူဖောင်း (Travel Bubbles) တည်ဆောက်ကာ လုပ်ငန်းရှင်များနှင့် ခရီးသွားများသွားလာဝင်/ထွက်နိုင်ရန် ဆောင်ရွက်သွားနိုင်လျှင် COVID-19 ကြောင့်သက်ရောက်မှုရှိခဲ့သည့် မြန်မာနိုင်ငံ၏ စီးပွားရေးကိုများစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကိုသာစစ်