နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နတ်တလင်းမြို့နယ် မြို့မဈေးမှ ရတနာရွှေဆိုင်ပိုင်ရှင်များအား လုံခြုံရေးအသိပညာပေးဆွေးနွေး

နတ်တလင်း   ဇွန်    ၂၉


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် နတ်တလင်းမြို့နယ် မြို့မစျေးအတွင်းနှင့် အပြင်ဘက်ရှိ ရတနာ ရွှေဆိုင်ပိုင်ရှင်များနှင့် နတ်တလင်းမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ထွန်းလင်းနိုင် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင် များသည် မြို့မစျေးတာဝန်ခံရုံးတွင် ဇွန် ၂၉ ရက် နံနက် ၉ နာရီခွဲကတွေ့ဆုံ၍ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကြသည်။


ဆွေးနွေးပွဲတွင် ဒုရဲမှူးက မိမိတို့ဆိုင်များ၏လုံခြုရေးအတွက် ဆိုင်တိုင်း CCTV တပ်ဆင်အသုံးပြုရေးနှင့် ဥပဒေနှင့်မလွတ်ကင်းသောမှုခင်းကိစ္စများရှောင်ရှားရေး မှုခင်းကိစ္စများဖြစ်ပွားလာပါက မြို့နယ်မှူးရုံး ရဲတပ်ဖွဲ့စခန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ အမြန်ဆုံးသတင်းပေးပို့ခြင်းဖြင့် ကူညီကြစေလို ကြောင်း ပြောကြားသည်။

ထို့နောက် မြို့မစျေးအပြင်ဘက်တန်းရှိ ရွှေငွေရတနာဆိုင်များအား တာဝန်ရှိသူများနှင့်အတူ လိုက်လံစစ်ဆေးစဉ်။                                                                         


ဝင်းမြင့် နတ်တလင်း(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ