နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်လေဆိပ်၏ မိတ်ဖက်စီးပွားရေးလုပ်ငန်းများအတွက် အခန်းငှားရမ်းခများ ကင်းလွတ်ခွင့်နှင့် လျှော့ချပေးခြင်းများ ပြုလုပ်

 ရန်ကုန်   ဇွန်    ၂၉


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြည်ပခရီးစဉ်များကို ယခုလကုန်အထိ ရပ်ဆိုင်းထားပြီးနောက်      စိန်ခေါ်မှုများကြုံတွေ့နေရစဉ်တွင် မိတ်ဖက်စီးပွားရေးလုပ်ငန်းများအတွက် အခန်းငှားရမ်းခများကင်းလွတ်  ခွင့်နှင့်လျှော့ချပေးခြင်းများကို ပြုလုပ်ပေးခဲ့ကြောင်း YACL(Yangon Aerodrome Company Limited) မှ သိရသည်။


COVID-19     ဂယက်ကြောင့် ခရီးသွားလုပ်ငန်းရပ်တန့်ခဲ့ရချိန်တွင် မိတ်ဖက်စီးပွားရေးလုပ်ငန်းများ ဖြစ်သော လေဆိပ်အတွင်းရှိ လေကြောင်းလိုင်းများ၊ စားသောက်ကုန်လုပ်ငန်းများ၊ ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် အရောင်းဆိုင်ခန်းများ၏ ပုံမှန်လည်ပတ်မှုများကို အကျိုးသက်ရောက်မှုများရှိခဲ့သလို လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းပုံသေကျခံနေရသည့် YACL အနေဖြင့်လည်း အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း သိရသည်။


ထို့အပြင် YACL သည် လေဆိပ်လုပ်ငန်းများနှင့် ဝန်ထမ်းများအပါအဝင် တစ်ဦးတစ်ယောက်ချင်းစီနှင့် ရေရှည်ဆက်လက် လက်တွဲလုပ်ကိုင်နိုင်ရန် လစာဖြတ်တောက်မှုများကိုလည်းပြုလုပ်ခဲ့ရပြီး အုပ်ချုပ်မှုဆိုင်ရာ စီမံခန့်ခွဲရေးတာဝန်ရှိသူများ၏ အခြေခံလစာမှ ၂၅ ရာခိုင်နှုန်း၊ စီမံခန့်ခွဲရေးအောက်အဆင့် ဝန်ထမ်းများ၏ အခြေခံလစာအား ၅ ရာခိုင်နှုန်းအသီးသီးလျှော့ချခြင်း အခြေခံလစာနည်းပါးသည့် ဝန်ထမ်းများ၏ လစာကိုမူ လူမှုဘဝရပ်တည်မှုအခက်အခဲမဖြစ်စေရေးအတွက် လစာလျှော့ချခြင်းမပြုလုပ်ဘဲ မူလအခြေခံလစာအတိုင်း ဆက်လက်ခံစားစေမည်ဖြစ်ကြောင်း သိရသည်။


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနေဖြင့် ကမ္ဘာ့ကပ်ရောဂါ COVID-19 ၏ အကျိုးသက်ရောက်မှု အနေဖြင့် ယခင်နှစ်ကာလတူ မတ်လမှ မေလအထိ ကိန်းဂဏန်းများနှင့် နှိုင်းယှဉ်ကြည့်လျှင် လေယာဉ်ဝင် ထွက်သွားလာမှုပမာဏသည် ၈၅ ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့ပြီး အဆိုပါရိုက်ခတ်မှုကြောင့် ခရီးသည် ဝင်ထွက်မှုသည်လည်း ၉၆ ရာခိုင်နှုန်းအထိသိသိသာသာလျော့နည်းခဲ့ကြောင်း သိရသည်။


မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ