ရန်ကုန် ဧပြီ ၇ ရန်ကုန်မြို့၊ နေပြည်တော်အမြန်လမ်းမကြီးရှိ သုညမိုင် Toll gate တွင် ရန်ကုန်မြို့အဝင်ခရီးသွားများအား ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့ တို့ပူးပေါင်း၍ တိုင်းဒေသကြီးအတွင်း ကိုရိုနာဗိုင်းရပ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွင် Human body temperature system စက်ဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးကို ဖိဖိစီးစီးဆောင်ရွက်လျက်ရှိသည်ကို တွေ့ရစဉ်။ (၁၁၂)