နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ပေါ်တိုကို အနိုင်ရပြီး အာဆင်နယ်အသင်း ကွာတားဖိုင်နယ် တက်

မတ် ၁၃


ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် အာဆင်နယ်အသင်းနှင့် ပေါ်တိုအသင်းတို့ ယနေ့နံနက်အစော ပိုင်းက အမ်းမရိတ်ကွင်း၌ ယှဉ်ပြိုင်ကစားကြရာအာဆင်နယ်အသင်း က ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိပြီး ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့ကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် ပေါ်တိုအသင်းကို ပထမအကျော့က တစ်ဂိုး၊ ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယ အကျော့တွင် တစ်ဂိုး၊ ဂိုးမရှိဖြင့် ပြန်လည်အနိုင်ယူခဲ့ပြီး နှစ်ကျော့ပေါင်း သရေရလဒ် ထွက်ပေါ်နေခဲ့ခြင်းကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာတွင် အာဆင်နယ်အသင်းက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ပထမပိုင်းတွင် ပေါ်တိုအသင်း၏ ခံစစ်မာကျောမှုကြောင့်အာဆင် နယ်အသင်း အခက်တွေ့ခဲ့ရသော်လည်း ပွဲကစားချိန် ၄၁မိနစ်တွင် အိုဒီဂတ်၏ ဖန်တီးပေးမှုကတစ်ဆင့် ထရော့ဒ်ဆက်က အိမ်ရှင် အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့သည်။

နှစ်သင်းစလုံး အခွင့်အရေးကိုယ်စီ ဖန်တီးနိုင်ခဲ့သော်လည်း အဆုံးသတ်လိုအပ်ချက်များနှင့်အတူ ဂိုးသမားနှစ်ဦး လက်စွမ်းပြ နေခြင်းကြောင့် အချိန်ပိုထိ ထပ်မံဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ပင်နယ် တီ အဆုံးအဖြတ် ခံယူခဲ့ရသည်။

ပင်နယ်တီ အဆုံးအဖြတ်တွင် ဂိုးသမားရာယာ၏လက်စွမ်းပြ မှုကြောင့် ပေါ်တိုအသင်း ပင်နယ်တီနှစ်ကြိမ် လွဲချော်မှုနှင့်အတူ အာဆင်နယ်အသင်းက လေးဂိုး၊ နှစ်ဂိုးဖြင့် အနိုင်ရရှိပြီး ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့သည်။ 

အခြား ချန်ပီယံလိဂ်ပွဲစဉ်တွင် ဘာစီလိုနာအသင်းက နာပိုလီ အသင်းကို နှစ်ကျော့ပေါင်းရလဒ် လေးဂိုး၊ နှစ်ဂိုးဖြင့် အနိုင်ရရှိပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ကြောင်းသိရသည်။ 





သူရိန်






အခြားဆက်စပ်သတင်းများ