နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နည်းပြ တန်ဟက်ကို ပြန်လည်ခေါ်ယူရန် အေဂျက်အသင်း ကြိုးပမ်း

မတ် ၁၃

နယ်သာလန်ကလပ် အေ ဂျက်အသင်းသည်လာမည့် နွေရာသီတွင် နည်းပြ တန်ဟက် အနေဖြင့်မန်ယူအသင်းမှ ထုတ်ပယ်ခံရပါက ပြန်လည်ခေါ် ယူရန် ကြိုးပမ်းသွားမည်ဖြစ် ကြောင်း အသင်းအမှုဆောင် အဲလက်စ်ခရိုးစ်က ပြောကြားခဲ့ သည်။

လက်ရှိတွင် အေဂျက်အသင်း သည် ယာယီနည်းပြဂျွန်ဗန့်ရှစ် လက်အောက်တွင် ရလဒ်ကောင်း ရရှိရန် ရုန်းကန်နေရသောကြောင့် အသင်းအမှုဆောင်က အသင်း နှင့်အတူ အောင်မြင်မှုများရယူ နိုင်ခဲ့သည့် မန်ယူအသင်းနည်းပြ တန်ဟက်ကိုပြန်လည် ခေါ်ယူ ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အေဂျက်အသင်းသည် ယာယီနည်းပြ ဂျွန်ဗန့်ရှစ်ကို ပြီးခဲ့သည့် အောက်တိုဘာလက ခန့်အပ်ခဲ့ပြီး ၎င်းအနေဖြင့်အသင်း တိုက်စစ်ပိုင်းကိုတိုးတက်လာ အောင်စွမ်းဆောင်နိုင်ခဲ့သော် လည်း ခံစစ်ပိုင်းအားနည်းချက် ကို ပြင်ဆင်နိုင်ခြင်းမရှိဘဲအမှတ် ပေးပြိုင်ပွဲ ၂၅ပွဲပြီးဆုံးချိန်တွင် ရမှတ် ၄၀ သာရရှိခဲ့သော ကြောင့် အသင်းတာဝန်ရှိသူ များက မန်ယူအသင်းနည်းပြ တန်ဟက်ကိုသာပြန်လည်ခေါ် ယူရန် ဦးစားပေးကြိုးပမ်းမည် ဖြစ်သည်။

နည်းပြ တန်ဟက်သည်ယခု နှစ် ဘောလုံးရာသီမန်ယူ အသင်း နှင့်အတူ ရလဒ်ကောင်းများရရှိ ရန် ရုန်းကန်နေရသော ကြောင့် အနာဂတ်မှာ မရေမရာဖြစ်နေ ခြင်းဖြစ်သည်။               





သူရိန်






အခြားဆက်စပ်သတင်းများ