နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်ရေး ပူးပေါင်းပါဝင်

ရန်ကုန်   ဇွန်   ၂၉


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသည် စားနပ်ရိက္ခာဖူလုံရေးနှင့် အစားအစာများ   ဘေးကင်းလုံခြုံရေးလုပ်ငန်းများအပြင် အာဟာရပြည့်ဝစွာစားသုံးနိုင်ရေးနှင့် ကလေးသူငယ်များနှင့်ပြည်သူ များကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ထက်မြက်မြင့်မားရေးအတွက် နွားနို့ပုံမှန်သောက်သုံးရေနိုင်ရေးဆောင်ရွက် လျက်ရှိသည်။


ကျွန်ုပ်တို့နိုင်ငံတွင် နွားမွေးမြူရေးလုပ်ငန်းသည် ကျေးလက်ဒေသတွင် အဓိကအကျဆုံးနှင့် အရင်းအနှီး အများဆုံးလုပ်ငန်းဖြစ်သည်။ ကျေးလက်ဒေသနေတောင်သူလယ်သမားအများစုသည် နွားမွေးမြူရေးလုပ်ငန်း ကို ဆောင်ရွက်လျက်ရှိရာ နွားမွေးမြူရေးဖွံ့ဖြိုးတိုးတက်လာပါက လယ်သမားတို့၏ လူမှုစီးပွားရေးဘဝ မြင့်မားလာမည်ဖြစ်သည်။


နို့စားမွေးမြူရေးနှင့်နို့ထွက်ပစ္စည်းထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများပြားစွာ လိုအပ်သည်။ ယင်းလုပ်ငန်းများအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အောင်မြင် မှုများစွာရရှိမည်ဖြစ်သည်။ 


ယင်းသို့သော အခြေအနေတွင် ဗြိတိန်နိုင်ငံတွင် အခြေစိုက်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီးတွင် အမျိုးအစားကောင်းမွန်သော နွားမွေးမြူခြင်းနှင့် နို့နှင့်နို့ထွက်ပစ္စည်းထုတ်လုပ် သည့် စက်ရုံများတည်ဆောက်၍ ရင်းနှီးမြှုပ်နှံသွားရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ယင်းစီမံကိန်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တစ်ပိုင်တစ်နိုင်မွေးမြူရေးသမားများပါဝင်လာရေး ဦးစားပေးဆောင်ရွက် မည်ဟု သိရသည်။


မျက်မှောက်ခေတ်လူမှုဘဝပတ်ဝန်းကျင်ရှိ အချို့ အချို့သော ငယ်ရွယ်သူတို့ကိုကြည့်လျှင် ကိုယ်ခန္ဓာသေး ကွေးပါးလျနေသည်ကိုတွေ့ရမည်ဖြစ်သည်။ ခန္ဓာကိုယ်ဖွံ့ထွားရေးအတွက် အရွယ်လွန်သူများပြုပြင်ရခက် သည်။ ငယ်ရွယ်စဉ်ဘဝမှပင် မိမိကိုယ်ခန္ဓာဖွံ့ဖြိုးရေးကို အလေးဂရုပြုရမည်ဖြစ်သည်။ သို့ဖြစ်ရာ အာဟာရ ပြည့်ဝစွာစားသောက်တတ်ရန် ပညာပေးလုပ်ငန်းများကို မြို့ပြနှင့် ကျေးလက်ဒေသများအားလုံး ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်ရန်လိုအပ်သည်။ အထူးသဖြင့် ဒေသအလိုက်အလွယ်တကူစားသုံးနိုင်သည့် နို့နှင့်နို့ထွက် ပစ္စည်းများက အာဟာရဓာတ်ပြည့်ဝသောစားသောက်မှုပုံစံကို အထောက်အပံ့ပြုမည်ဖြစ်သည်။ 


အနာဂတ်တွင် ကိုယ်ခန္ဓာကြံ့ခိုင်သော မြန်မာလူမျိုးဖြစ်ရေးအတွက် နို့နှင့်နို့ထွက်ပစ်စည်းထုတ်လုပ်သည့်  လုပ်ငန်းများအောင်မြင်ဖြစ်ထွန်းစေရေး သက်ဆိုင်ရာများက ပူးပေါင်းပါဝင်ဆောင်ရွက်စေချင်ကြောင်း။     






အခြားဆက်စပ်သတင်းများ