နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျူဘာစီကို စာချုပ်ဖျက်သိမ်းကြေး ယူရို တစ်ဘီလီယံဖြင့် သက်တမ်းတိုးရန် ပြင်ဆင်

မတ်  ၁၂

ဘာစီလိုနာအသင်းသည် ယခု နှစ် ဘောလုံးရာသီ ခံစစ်ပိုင်း တွင် ခြေစွမ်းပြ ကစားနေသည့် လူငယ်ကစားသမား ကျူဘာစီ ကို စာချုပ်ဖျက်သိမ်းကြေး တစ် ဘီလီယံဖြင့် လာမည့် ၂၀၃၀ ပြည့်နှစ်အထိ စာချုပ်သက်တမ်း တိုးရန်ပြင်ဆင်ခဲ့ကြောင်း သိရ သည်။

အသက် ၁၇ နှစ်အရွယ်ရှိ ကျူဘာစီသည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လက ဘာစီလိုနာ လူငယ် အသင်းနှင့် စတင်ပူးပေါင်းခဲ့ပြီး နောက် ပုံစံကောင်း ပြသနိုင်ခဲ့ သဖြင့် နည်းပြ ဇာဗီက ဩဂုတ် လတွင် အသင်းကြီးသို့ ခေါ်ယူ ခဲ့ရာ ခြေစွမ်းပြသနိုင်ခဲ့သော ကြောင့် အသင်းတာဝန်ရှိသူများ က ၎င်းကို စာချုပ်ဖျက်သိမ်း ကြေး တစ်ဘီလီယံဖြင့် ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းတိုးရန် ဆွေးနွေးလျက်ရှိသည်။

ကျူဘာစီသည် ဘာစီလိုနာ အသင်းနှင့် လာမည့် ၂၀၂၆ ခုနှစ် မှ စာချုပ်သက်တမ်း ကုန်ဆုံး မည်ဖြစ်သော်လည်း လက်ရှိ ကစားသမား၏ ပြောင်းရွှေ့ကြေး မှာ ယူရို ၁၀ သန်းသာရှိသဖြင့် ပရီးမီးယားလိဂ် ကလပ်အသင်း များက ခေါ်ယူရန် ချဉ်းကပ်နေ သောကြောင့် ဘာစီလိုနာအသင်း က အမြန်ဆုံး သက်တမ်းတိုးနိုင် ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရသည်။                     





 သူရိန်






အခြားဆက်စပ်သတင်းများ