နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နက်တိုကို စတာလင်ပေါင် သန်း ၆၀ ပေး၍ ခေါ်ယူရန် နယူးကာဆယ်အသင်း ဆုံးဖြတ်

မတ်  ၁၂

နယူးကာဆယ်အသင်းသည် ကွင်းလယ်ပိုင်း လိုအပ်ချက် အတွက် ဝုဗ်အသင်း ကွင်းလယ် ကစားသမား နက်တိုကို ပြောင်း ရွှေ့ကြေး စတာလင်ပေါင် သန်း ၆၀ ဖြင့် လာမည့် နွေရာသီတွင် ခေါ်ယူရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် နက်တိုကို အာဆင်နယ်နှင့် လီဗာပူးအသင်း တို့ကလည်းခေါ်ယူရန် ချိတ်ဆက် နေသောကြောင့် နယူးကာဆယ် အသင်းက ဝုဗ်အသင်း သတ်မှတ် ထားသည့် ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၆၀ ကို ပေးချေရန် ဆုံးဖြတ်ခဲ့ပြီး ကွင်း လယ်ပိုင်းတွင် အားနည်းနေ သည့် အယ်မီရွန်၏ နေရာတွင် အစားထိုးရန် စီစဉ်လျက်ရှိသည်။

ဝုဗ်အသင်းသည် ပရီးမီးယား လိဂ်က သတ်မှတ်ထားသည့် ဘဏ္ဍာရေးစည်းမျဉ်းနှင့် ကိုက်ညီ ရန် ပြီးခဲ့သည့် ဘောလုံးရာသီ က အဓိက ကစားသမားအချို့ ကို ရောင်းချ၍ ဘဏ္ဍာရေး အခက်အခဲကို ဖြေရှင်းခဲ့ရသည်။

ယခုနှစ်တွင်လည်း ဘဏ္ဍာ ရေးစည်းမျဉ်းကို ကျော်ဖြတ်နိုင် ရန်အတွက် ဝုဗ်အသင်းသည် အဓိက ကစားသမားဖြစ်သည့် နက်တိုကို ရောင်းချရန် ပြင်ဆင် နေပြီး နယူးကာဆယ်အသင်းက စတာလင်ပေါင် သန်း ၆၀ ဖြင့် ကမ်းလှမ်းလာပါက လက်ခံ သွားဖွယ်ရှိနေသည်။         





သူရိန်






အခြားဆက်စပ်သတင်းများ