နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြောင်းမြတွင် သိမ်းဆည်းခံ စွန့်လွှတ်မြေများအား မူလပိုင်ရှင်များထံပြန်လည်ပေးအပ်

မြောင်းမြ ဇွန် ၂၉


ဧရာဝတီတိုင်းဒေသကြီး ၊မြောင်းမြခရိုင် ၊ မြောင်းမြမြို့တွင် စွန့်လွှတ်မြေများအား မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်ပွဲကို ဇွန် ၂၉  ရက် နံနက် ၉ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင်    ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင် က သိမ်းဆည်းမြေများ ပြန်လည်ပေးအပ်ခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မြောင်းမြမြို့နယ်၊ ခွေးလေးကြီးကျေးရွာအုပ်စု ၊ ရှစ်အိမ်တန်းကျေးရွာနေ မန်းလှထွန်း၏ (၂၇ ဒသမ ၀၆)ဧက ၊ မြောင်းမြမြို့နယ် ကွယ်လွယ်-မြဟေမာရပ်ကွက်နေ ဒေါ်စန်းအေး၏ (၂ဒသမ၁၂)ဧက ၊ ကွယ်လွယ်-မြနန္ဒာရပ်ကွက်နေ ဒေါ်စွပ်ကျင်၏ (ဝဒသမ၈၆)ဧက ၊ ကွယ်လွယ်-မြနန္ဒာ ရပ်ကွက်နေ ဒေါ်မြင့်မြင့်စန်း၏ (ဝဒသမ၀၇)ဧက၊ ကွယ်လွယ်-မြနန္ဒာရပ်ကွက်နေ ဦးသိန်းဝင်းထွန်း၏(ဝဒသမ၃၄)ဧက ၊ ဒေါ်ညိုညိုဆန်း၏(ဝဒသမ၀၅)ဧက၊ အိမ်မဲမြို့နယ် ကျုံလမု ညောင်ဝိုင်းကျေးရွာနေ ဦးလှမျိုးအပါ (၃)ဦး၏ (၁ဒသမ၄၉)ဧက ၊ အိမ်မဲမြို့နယ် ကျုံလမုညောင်ဝိုင်းကျေးရွာနေ ဦးဝင်းထိန်၏ (ဝဒသမ၄၇)ဧက ၊ အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာနေ ဦးသန်းအေး၏ (ဝဒသမ၉၀)ဧက ၊ အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာနေ ဦးမြသန်း၏ (ဝဒသမ၃၀) ဧက ၊ အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာနေ ဦးကျော်ဇေယျ ၏ (၁ဒသမ၅၁)ဧက ၊ အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာနေ ဒေါ်နီနီဦး၏ (၁ဒသမ၅၃)ဧက တို့အတွက် လုပ်ပိုင်ခွင့်ကို  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင် ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင် ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများက ယာယီပုံစံ(၃)များကို မူလမြေယာပိုင်ရှင်များထံသို့ ပေးအပ်ခဲ့သည်။


အဆိုပါအခမ်းအနားသို့  ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော် ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်နှင့်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီဝင်များ ၊ သိမ်းဆည်းခံ မူလမြေယာပိုင်ရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


အောင်မင်း (မြောင်းမြ)






အခြားဆက်စပ်သတင်းများ