ရန်ကုန် ဇွန် ၂၉
ပြည်သူများသွားလာမှုအဆင်ပြေချောမွေ့စေရန်နှင့် မြို့ရွာဖွံ့ဖြိုးရေးအတွက်၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ လမ်းတံတားဆိုင်ရာလုပ်ငန်းတာဝန်ခံအဖွဲ့မှ ရန်ကုန် အနောက်ပိုင်းခရိုင်၊အလုံမြို့နယ် ရှိလမ်းသွယ် ၅ လမ်းအားကတ္တရာကွန်ကရစ်ခင်းခြင်း လုပ်ငန်းများကို ဇွန် ၂၃ ရက်မှစတင်ကာ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင်အာသာဝတီလမ်း(၅၂၇'x၂၁'၆"x၂")၊သရဖီလမ်း( ၅၆၀'x၂၂'x၂")၊နွယ်သာကီလမ်း (၅၇၅'x၂၂'x၂")၊နွယ်နီလမ်း(၅၈၀'x၂၂'x၂")၊စံပါယ်လမ်း(၅၅၃'x၂၂'x၂")တို့အားကတ္တရာကွန်ကရစ်ခင်းနေခြင်း ဖြစ်ပြီးဇွန် ၂၈ ရက်ထိလမ်း ၄ လမ်းအား ဆောင်ရွက်ပြီးပြီဖြစ်ကြောင်း တွေ့ရစဉ်။
တင်တင်ချို (ပြန်/ဆက်)