ရန်ကုန် ဇွန် ၂၉
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၌ဇွန် ၂၈ ရက် နံနက်၈နာရီအချိန်ခန့်က သွေးလွန်တုပ်ကွေးရောဂါနှင့်အခြားရောဂါများကြိုတင်ကာကွယ်ရန်စုပေါင်းအဘိက်ဆေးခတ်ခြင်းနှင့်ခြင်ထောင်ဆေးစိမ်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ဆောင်ရွက်ရာ၌ အမှတ်(၆)ရပ်ကွက်အတွင်းရှိအိမ်ခြေစုစုပေါင်း ၁၅၀ ခန့်၊အုတ်ရေကန် ၆၅ ကန်၊ရေတိုင်ကီ ၈၀ လုံး၊စဉ့်အိုး ၅ လုံးတို့အားအဘိက်ဆေး ခတ်ခြင်းနှင့်ခြင်ထောင် ၃၅ လုံးကို ခြင်ထောင်ဆေးစိမ်ခြင်းများ ဆောင်ရွက်ခဲ့ကြစဉ်။
ကြည်ဇေသော်(ပြန်/ဆက်)