နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုင်ဟားဗက်ဇ်၏ နောက်ကျဂိုးဖြင့် အာဆင်နယ်အသင်းအမှတ်ပေးဇယားကို ယာယီဦးဆောင်ခွင့်ရ

မတ် ၁၀


ပရီးမီးယားလိဂ်ပွဲစဉ် ၂၈ အဖြစ် အာဆင်နယ်အသင်းနှင့် ဘရန့်ဖို့ဒ်အသင်းတို့ ယမန်နေ့ ညပိုင်းက အမ်းမရိတ်ကွင်း၌ ယှဉ်ပြိုင်ကစားကြရာ အာဆင်နယ် အသင်းက နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ပထမပိုင်းတွင် မာတင် နယ်လီ မပါဝင်နိုင်သည့် အာဆင်နယ်အသင်း၏ တိုက်စစ် ကအနည်းငယ် ရုန်းကန်ခဲ့ရပြီး ယခင်ပွဲများထက် တိုက်စစ် ထက်မြက်မှုမျိုး မရှိခဲ့သော် လည်း ကွင်းလယ်နှင့်ခံစစ်က အကောင်းဆုံးပုံစံတွင် ရှိနေခဲ့ သည်။ ဘရန့်ဖို့ဒ်အသင်းက လည်း ခံစစ်၌သာ အချိန်ကုန်နေ ခဲ့ကာ ထိရောက်သည့် ဂိုးပေါက် ခြိမ်းခြောက်မှု တစ်ကြိမ်သာ ပြုလုပ်နိုင်ခဲ့သည်။

ပွဲကစားချိန် ၁၉ မိနစ်တွင် ဘန်ဝှိုက်၏ ဖြတ်တင်ပေးမှုက တစ်ဆင့် ဒက်ကလန်ရိုက်စ်က ခေါင်းတိုက်ပြီး အာဆင်နယ် အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့သော်လည်း ၄၉ မိနစ်တွင် ဂိုးသမားရမ်ဒေးလ် ၏ အမှားကတစ်ဆင့် ဘရန့်ဖို့ဒ် အသင်း ချေပဂိုးရရှိခဲ့ကာ ပထမ ပိုင်းတွင် တစ်ဖက်တစ်ဂိုးစီဖြင့် ပွဲပြီးဆုံးခဲ့သည်။

ဒုတိယပိုင်းတွင် အာဆင်နယ် အသင်းက ဦးဆောင်ဂိုးရရှိရေး တရစပ်တိုက်စစ်ဆင် ကစားခဲ့ သော်လည်း ဘရန့်ဖို့ဒ်အသင်း ၏ ခံစစ်ကအကောင်းဆုံးပုံစံတွင်ရှိနေခြင်းကြောင့် ဂိုးရရှိရန် ရုန်းကန်ခဲ့ရသည်။ သို့သော် ပွဲချိန် ၈၆ မိနစ်တွင် တစ်ပွဲလုံး ခြေစွမ်းပြနေသည့် ဘန်ဝှိုက်၏ ဖန်တီးပေးမှုက တစ်ဆင့် ကိုင်ဟားဗက်ဇ်က အာဆင်နယ် အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး အိမ်ကွင်း အမ်းမရိတ်တွင် နိုင်ပွဲဖော်ဆောင် နိုင်ခဲ့သည်။

ထို့ကြောင့် အာဆင်နယ် အသင်းသည် လီဗာပူးနှင့် မန်စီးတီးအသင်းတို့ ယှဉ်ပြိုင် ကစားမည့် ပွဲမတိုင်မီ ရမှတ် ၆၄ မှတ်ဖြင့် အမှတ်ပေးဇယားကို ယာယီဦးဆောင်နိုင်ခဲ့သည်။





သူရိန်






အခြားဆက်စပ်သတင်းများ