နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရီးရဲလ်မက်ဒရစ်နည်းပြ ရာထူးအတွက် လီဗာပူးကိုငြင်းပယ်ခဲ့ကြောင်း အလွန်ဆိုပြော

မတ် ၁၀


လေဗာကူဆင် အသင်း နည်းပြအလွန်ဆိုက လီဗာပူး အသင်း၏ နည်းပြတာဝန်ကို ငြင်းဆိုခဲ့ခြင်းမှာ ရီးရဲလ်မက်ဒရစ် အသင်းနည်းပြ အန်ဆယ်လော့တီ ထွက်ခွာပါက ၎င်း၏နေရာတွင်  တာဝန်ယူရန်အတွက် စောင့်ဆိုင်း နေခြင်းဖြစ်ကြောင်း ပြောကြား သည်။

လီဗာပူးအသင်း နည်းပြ ကလော့ပ်က ဘောလုံးရာသီ အကုန်တွင် အသင်းက ထွက်ခွာ မည်ဟု တရားဝင်ကြေညာခဲ့ပြီး နောက် အသင်းတာဝန်ရှိသူများ က လေဗာကူဆင်အသင်းနှင့် အတူ အောင်မြင်မှုများရယူထား သည့် နည်းပြအလွန်ဆိုကို နည်းပြခန့်အပ်ရန် ဦးစားပေး ပစ်မှတ်ထားခဲ့သည့် အပြင် ဘိုင်ယန်မြူးနစ် အသင်းက လည်း နည်းပြတူချယ်၏နေရာ တွင် အစားထိုးရန်အလွန်ဆိုကို ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သည်။

သို့သော် နည်းပြအလွန်ဆို က ရီးရဲလ်မက်ဒရစ်အသင်းမှ နည်းပြ အန်ဆယ်လော့တီ ထွက်ခွာပါက နည်းပြရာထူး ကိုဆက်ခံရန် အာရုံစိုက်ထား ကြောင်း ထုတ်ဖော်ပြောကြားခဲ့ ပြီး လီဗာပူးအသင်း၊ ဘိုင်ယန် မြူးနစ်အသင်းတို့နှင့် လက်တွဲရန် ဆန္ဒမရှိသောကြောင့် ကမ်းလှမ်း မှုများကို ငြင်းပယ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။           




သူရိန်






အခြားဆက်စပ်သတင်းများ