နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အက်ဇ်ပီလီကွီတာကို အေတီကိုအသင်း တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆို

မတ် ၉

အေတီကိုအသင်းသည် လာမည့်  ဇွန်လတွင်  စာချုပ် သက်တမ်းကုန်ဆုံးမည့်  ခံစစ် ကစားသမား အက်ဇ်ပီလီကွီတာ ကို ၂၀၂၅ ခုနှစ်အထိ တစ်နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ ကြောင်း ထုတ်ပြန်ခဲ့သည်။

အသက် ၃၄ နှစ် အရွယ်ရှိ ခံစစ်ကစားသမား အက်ဇ်ပီလီ ကွီတာသည် ပြီးခဲ့သည့်နွေရာသီ က ချဲလ်ဆီးအသင်းမှ အေတီကို အသင်းသို့ တစ်နှစ်သက်တမ်း စာချုပ်ဖြင့် အလွတ်ပြောင်းရွှေ့ ခွင့်ရခဲ့ပြီး စာချုပ်တွင် သက်တမ်း ကုန်ဆုံးပါက နောက်ထပ်တစ်နှစ် သက်တမ်းတိုးခွင့်   ပါရှိသော ကြောင့်   အေတီကိုအသင်း တာဝန် ရှိသူများက ၎င်းကို ၂၀၂၅ ခုနှစ်အထိ သက်တမ်းတိုးခဲ့ခြင်း ဖြစ်သည်။

အက်ဇ်ပီလီကွီတာသည် ယခုနှစ် ဘောလုံးရာသီ အေတီ ကို အသင်းတွင် ပြိုင်ပွဲစုံ ၂၂ ပွဲအထိ ပါဝင်ကစားခွင့်ရခဲ့ပြီး ပြီးခဲ့သည့် ဇန်နဝါရီလက ဒဏ်ရာ ကြောင့် လက်ရှိအချိန်ထိ အနားယူနေရ သော်လည်း အသင်းတာဝန်ရှိသူ များက ၎င်း၏ ခြေစွမ်းပိုင်းကို သဘောကျသဖြင့်  သက်တမ်း တိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

သူရိန်







အခြားဆက်စပ်သတင်းများ