မတ် ၉
ပရီးမီးယားလိဂ်အဖွဲ့ချုပ်က လစဉ်ပေးအပ်သည့် ဖေဖော်ဝါရီလ အတွက် ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံး ကစားသမား ဆုကို မန်ယူအသင်းတိုက်စစ်မှူး ဟွိုက်လန်းက ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
ဟွိုက်လန်းသည် ဖေဖော်ဝါရီလအတွင်း မန်ယူအသင်းနှင့်အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲ လေးပွဲ ကစားခဲ့ရာတွင် ငါးဂိုးထိ သွင်းယူနိုင်ခဲ့ သကဲ့သို့ ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပြီးနောက် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ကြ သည့် မန်စီးတီးအသင်းမှ ဖိုဒန်၊ ဝုဗ်အသင်းမှ ဂျာအိုဂိုမက်၊ ဘရိုက်တန် အသင်းမှ ဂရော့ဗ်၊ ဖူလ်ဟမ်အသင်းမှ မူနစ်ဇ်၊ အာဆင်နယ်အသင်းမှ ဆာကာနှင့် အေဗီလာအသင်းမှ ဝက်ကင်းစ်တို့ကို ကျော်ဖြတ်ပြီး ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံး နည်းပြဆုကို အာဆင်နယ်အသင်း နည်းပြ အာတီတာက ဆွတ်ခူးရရှိခဲ့ပြီး ၎င်းသည် ယခုနှစ်အတွင်း အသင်းကို ရလဒ်ကောင်းများ ဆက်တိုက်ရရှိအောင် စွမ်းဆောင်နိုင် ခဲ့ကာ ဖေဖော်ဝါရီလအတွင်း ကစားခဲ့သည့် ပရီးမီးယား လိဂ် ပွဲစဉ်လေးပွဲစလုံး အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် အကောင်းဆုံးဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။
အလားတူ အကောင်းဆုံးသွင်းဂိုးဆုကို ဝုဗ်အသင်းအား သွင်းယူခဲ့ သည့် မန်ယူအသင်း လူငယ်ကစားသမား ကိုဘီမိုင်နူး၏ သွင်းဂိုး က ရရှိခဲ့ပြီး အကောင်းဆုံး ဂိုးကာကွယ်မှုဆုကို ဘရန့်ဖို့ဒ် ဂိုးသမား ဖရက်ခ်ကန်ကရရှိခဲ့ သည်။
သူရိန်