နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Letter of Credit ဖြင့် သွင်းကုန်ငွေလွှဲစာတမ်း ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နိုင်

ရန်ကုန်   ဇွန် ၂၉


Online မှ ဖွင့်လှစ်နိုင်မည့် သွင်းကုန်ငွေလွှဲစာတမ်းဝန်ဆောင်မှု Letter of Credit ဖြင့် သွင်းကုန် လုပ်ငန်းရှင်များအနေဖြင့် ကုန်ရောင်းသူထံပေးရမည့် သွင်းကုန်ငွေလွှဲစာတမ်း (Letter of Credit) ကို ဘဏ်သို့သွားရောက်ရန်မလိုဘဲ Online မှတစ်ဆင့် ပိတ်ရက်မရှိလျှောက်ထားနိုင်ပြီဖြစ်သည်။


ထိုသို့လျှောက်ထားရာတွင်  Internet banking သို့ဝင်ပြီး Letter of Credit လျှောက်ရန် Issue tab ကို ရွေးချယ်ပေးရမည်။ LC details, Payment terms, Shipment details, Documents and Terms စသည့်အချက်အလက်များဖြည့်ပေးပြီး OTP အသုံးပြုကာ အချက်အလက်များမှန်ကန်ကြောင်းအတည် ပြုရမည်။ လိုအပ်သောစာရွက်စာတမ်းများကို import@cbbank.com.mm သို့ Email ပို့ပေးပြီးနောက် သွင်းကုန်ဌာန (01:378644) သို့အကြောင်းကြားပေးရမည်။ သွင်းကုန်ဌာနမှ Letter of Credit လျှောက်လွှာများ ကို စစ်ဆေးပြီးလျှင် Email ဖြင့် Draft ပို့ပေးသွားမည်။ Draft ကိုဖုန်းသို့မဟုတ် Email ဖြင့်အတည်ပြုပေး         ရမည်။ အတည်ပြုပြီးသော Draft များကို Final SWIFT ပို့ပေးသွားမည်ဖြစ်သည်။


အချက်အလက်များနှင့်လိုအပ်သော စာရွက်စာတမ်းများပြည့်စုံပါက Letter of Credit ကို ရုံးဖွင့်ရက်အတွင်း နေ့ချင်းပြီးရရှိနိုင်သည့်အတွက် လုပ်ငန်းများပိုမိုမြန်ဆန်မည်ဖြစ်သည်။


လိုအပ်သောအချက်အလက်များပြည့်စုံပါက CB bank မှကုန်ရောင်းသူထံသို့ငွေပေးချေသည့်အတွက်    သွင်းကုန်လုပ်ငန်းရှင်များအတွက် ငွေကြေးဆုံးရှုံးမှုများနည်းပါးပြီး ငွေလည်ပတ်မှုပိုမိုတိုးတက်မည်ဖြစ်သည်။


(WP)






အခြားဆက်စပ်သတင်းများ