နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဓမ္မရောင်ခြည် ဓမ္မဒါနဖောင်ဒေးရှင်း၏ (၃၅)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကိုရန်ကုန်မြို့ရှိ အမှတ်(၂)တပ်မတော်ဆေးရုံ(ခုတင်-၅၀ဝ)တွင် ကျင်းပပြုလုပ်မည်

ရန်ကုန်   ဇွန် ၂၉


ရန်ကုန်တိုင်းဒေသကြီးတွင် အခြေစိုက်ဖွဲ့စည်းတည်ထောင်ထားသော ဓမ္မရောင်ခြည်၊ ဓမ္မဒါန ဖောင်ဒေးရှင်း၏ (၃၅)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို လာမည့်ဇူလိုင်လဆန်းတွင် ရန်ကုန်မြို့ရှိ အမှတ်(၂)တပ်မတော်ဆေးရုံ(ခုတင်-၅၀ဝ)၌ ကျင်းပပြုလုပ်သွားမည်ဟုသိရသည်။


ဓမ္မရောင်ခြည်၊ ဓမ္မဒါနဖောင်ဒေးရှင်းအနေဖြင့် ပြည်သူများပါဝင်သော စုပေါင်းသွေးလှူဒါန်းပွဲများကို လေးလလျှင်တစ်ကြိမ် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်လေ့ရှိရာ ယခုတစ်ခါကျင်းပမည့် (၃၅)ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲကိုလည်း လာမည့်ဇူလိုင် ၅ ရက်တွင် ရန်ကုန်မြို့ရှိ အမှတ်(၂)တပ်မတော် ဆေးရုံ(ခုတင်-၅၀ဝ) ၌ ကျင်းပပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်ပြီး အသက် ၁၈ နှစ်မှ ၅၅ နှစ်အတွင်းရှိ သွေးလှူဒါန်းရန် အခြေအနေ ပေးကျန်းမာသောမည်သူမဆိုလာရောက်၍ သွေးလှူဒါန်းနိုင်ကြောင်းသိရသည်။


အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲကျင်းပသည့်နေ့တွင် သက်ဆိုင်ရာမှ ဆရာဝန်များနှင့် သူနာပြုဆရာမများက သွေးစစ်ခြင်း၊ သွေးပေါင်ချိန်ခြင်း၊ သွေးဖောက်ခြင်း၊ သွေးစုဆောင်းခြင်းအစရှိသောအမှုကိစ္စများကိုလုပ်အား ဒါနပြုကာ ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြမည်ဖြစ်သည်။


ဓမ္မရောင်ခြည်၊ ဓမ္မဒါနဖောင်ဒေးရှင်းသည် လေးလတစ်ကြိမ် ပုံမှန်သွေးလှူဒါန်းပွဲများအပြင် အရေးပေါ် သွေးလှူဒါန်းပွဲများကိုလည်း အခါအားလျော်စွာကျင်းပပြုလုပ်လေ့ရှိရာ ပါဝင်ကုသိုလ်ယူလိုသော သွေးလှူရှင် များအနေနှင့် ရန်ကုန်မြို့၊ သိမ်ကြီးဈေး(စီ)ရုံ၊ ပထမထပ်ရှိ ဓမ္မရောင်ခြည်၊ ဓမ္မဒါနဖောင်ဒေးရှင်းသို့ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ၊ ဖုန်းနံပါတ် ဝ၉ ၅၀၁၅၄၄၆၊ ဝ၉ ၅၀၇၉၆၇၄ နှင့် ဝ၉ ၅၁၃၆၃၈၅ တို့ကို ဆက်သွယ်၍ ဖြစ်စေသွေးလှူဒါန်းပွဲများနှင့် ပတ်သက်ပြီးစုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။      

         

ကိုဆောင်း(ဥက္ကလာ)






အခြားဆက်စပ်သတင်းများ