နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိုင်အိုဒင်းဓာတ် ချို့တဲ့မှုကာကွယ်ရန် နည်းလမ်းများ

 ဇွန် ၂၉


အိုင်အိုဒင်းဓာတ်သည်ကလေးများ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့်စာဖတ်စွမ်းရည်အပြင်ကိုယ်အလေးချိန် ထိန်းချုပ်ရေးအတွက် မရှိမဖြစ်လိုအပ်သောအာဟာရဓာတ်ဖြစ်သည်။
အိုင်အိုဒင်းဓာတ်ချို့တဲ့သောလက္ခဏာများတွင် မျက်နှာဖြူဖပ်ဖြူရော်ဖြစ်ခြင်း၊ အာရုံစူးစိုက်ရခက်ခဲခြင်းနှင့်ဆံပင်ကျွတ်ခြင်းစသောလက္ခဏာများပါဝင်သည်။

ရုတ်တရက်ကိုယ်အလေးချိန်တက်လာခြင်း၊ အမြဲအားအင်ကုန်ခန်းနေခြင်းစသောလက္ခဏာများသည်လည်း အိုင်အိုဒင်းချို့တဲ့သည့်လက္ခဏာများဖြစ်သည်။


အိုင်အိုဒင်းသည် ကိုယ်အလေးချိန်ထိန်းချုပ်မှုနှင့်ဆက်စပ်သော ဟော်မုန်းထုတ်လုပ်ရေးအတွက်မရှိမဖြစ်လိုအပ်သောဓာတ်ဖြစ်ပြီး ကိုယ်ဝန်ဆောင်ကာလအတွင်း ယင်းဟော်မုန်းပမာဏလုံလောက်စွာရှိခြင်းကြောင့်  မွေးလာသောကလေး၏  ဉာဏ်ရည်ဉာဏ်သွေးနှင့်စာဖတ်စွမ်းရည်ကို တိုးတက်စေနိုင်ကြောင်းလေ့လာမှုများက ဖော်ပြသည်။


နို့တွင်အိုင်အိုဒင်းဓာတ်အဓိကပါဝင်ပြီး လူတစ်ဦးအိုင်အိုဒင်းစားသုံးမှု၏ ၄၀ရာခိုင်နှုန်းအထိ ပေးစွမ်း နိုင်သည်။ အသားအရေခြောက်သွေ့ပြီး ဝမ်းချုပ်ခြင်း၊ နှလုံးခုန်နှုန်းနှေးခြင်း သိုင်းရွိုက်ဂလင်းကြီးခြင်းတို့လည်း အိုင်အိုဒင်းဓာတ်ချို့တဲ့သော လက္ခဏာများဖြစ်သည်။


နို့သောက်ခြင်း၊ နေ့စဉ်ကြက်ဥ၊ ဘဲဥစားပေးခြင်း၊ ပင်လယ်စာများများစားပေးခြင်း၊ အိုင်အိုဒင်းပါဝင်သော ဆားဖြင့်ချက်သည့် အစားအစာများစားသောက်၍ ခန္ဓာကိုယ်ထဲရှိအိုင်အိုဒင်းဓာတ်ပမာဏကို မြှင့်တင်နိုင်သည်။   ထို့အပြင် အိုင်အိုဒင်းဖြည့်စွက်ဆေးများအသုံးပြုနိုင်ပြီး ကိုယ်ဝန်ဆောင်များနှင့်နို့တိုက်မိခင်များ အိုင်အိုဒင်းဓာတ်ပိုလိုအပ်သည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ