နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဇင်ချန်ကိုအား ယူရို ၄၅ သန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်း အာဆင်နယ်အသင်း ထုတ်ပြန်

မတ် ၈

အာဆင်နယ်အသင်း ဘယ် တောင်ပံခံစစ်ကစားသမား ဇင်ချန်ကို ကို ဘိုင်ယန်မြူးနစ်နှင့် နယူးကာဆယ်အသင်းတို့က ခေါ်ယူရန် ကမ်းလှမ်းနေသော ကြောင့် အာဆင်နယ်အသင်းက ယူရို ၄၅ သန်းဖြင့် ရောင်းချမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်း သည်  ဘယ်တောင်ပံ  ခံစစ် ကစားသမား အယ်ဖွန်ဆိုဒေးဗစ် ကို ရီးရဲလ်မက်ဒရစ်အသင်းသို့ ရောင်းချမည်ဖြစ်သောကြောင့် ၎င်း၏နေရာတွင် အစားထိုးရန် အတွက် အာဆင်နယ်အသင်းမှ ခံစစ်ကစားသမား ဇင်ချန်ကို ကို ခေါ်ယူရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

ထို့ပြင် နယူးကာဆယ် အသင်းကလည်း ဘယ်တောင်ပံ ခံစစ်ပိုင်းတွင် မတ်တားဂတ် ဒဏ်ရာရနေသကဲ့သို့ အငှား ခေါ်ယူထားသည့် လူးဝစ်ဟော သည်လည်း ‌ခြေစွမ်းပြသရန် ရုန်းကန်နေရသဖြင့် ဗဟိုခံစစ် ကစားသမား ဒန်ဘန်းကိုသာ ဘယ်‌တောင်ပံတွင် အသုံးပြုနေရ သောကြောင့် နည်းပြ ဟိုဝီက ပရီးမီးယားလိဂ် အတွေ့အကြုံ ကောင်းများရှိသည့် ဇင်ချန်ကို ကို ခေါ်ယူရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

လက်ရှိတွင် ဇင်ချန်ကိုသည် ဈေးကွက်တန်ကြေး ယူရို သန်း ၃၀ သာရှိသော်လည်း ကစား သမားအနေဖြင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသောကြောင့် အာဆင်နယ်အသင်းက ယူရို ၄၅ သန်းရရှိမှသာ လက်လွှတ်သွား မည်ဖြစ်ကြောင်း သိရသည်။

သူရိန်






အခြားဆက်စပ်သတင်းများ