နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်စီးတီးနှင့်ကစားမည့် ပွဲစဉ်တွင် ဆာလာ ပြန်လည်ပါဝင်နိုင်မည်ဟု နည်းပြ ကလော့ပ် အတည်ပြု

မတ် ၈

မန်စီးတီးအသင်းနှင့်ကစား ရမည့်   အရေးကြီးပွဲစဉ်တွင် ဒဏ်ရာကြောင့် အနားယူနေခဲ့ ရသည့်  အဓိကတိုက်စစ်မှူး ဆာလာ ပြန်လည်ပါဝင်နိုင်မည် ဖြစ်ကြောင်း လီဗာပူးအသင်း နည်းပြ ကလော့ပ်က အတည်ပြု ပြောကြားခဲ့သည်။

အသက် ၃၁ နှစ်အရွယ်ရှိ တိုက်စစ်မှူး ဆာလာသည် ပြီးခဲ့ သည့် ဖေဖော်ဝါရီ ၁၇ ရက်က ကစားခဲ့သည့် လီဗာပူးအသင်းက ဘရန့်ဖို့ဒ်အသင်းကို လေးဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ် တွင် တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပြီးနောက် အနားယူနေခဲ့ရ သည့်အတွက် လူတန်၊ ချဲလ်ဆီး၊ ဆောက်သမ်တန်၊ နော်တင်ဟမ် အသင်းတို့နှင့် ပွဲစဉ် လေးပွဲကို လွဲချော်ခဲ့ပြီး မတ် ၇ ရက်က ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင် ကစားခဲ့သည့် လီဗာပူးအသင်းက စပါတာပရက်ဂ်အသင်းကို ငါးဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ် တွင် လူစားဝင် ကစားသမား အဖြစ် ပြန်လည်ပါဝင်ခဲ့သည်။

"ဆာလာအနေနဲ့ ဒဏ်ရာ ဟာ ပြန်လည်သက်သာလာပြီ ဖြစ်ပြီး ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝ နေပြီဖြစ်သလို ပွဲစဉ်တွေ ကစားဖို့ အတွက်လည်း အသင့်ဖြစ်နေပါပြီ။ အသင်းကို သူပြန်ရောက်လာတာ မန်စီးတီးအသင်းနဲ့ ကစားမယ့် ပွဲစဉ်အတွက် သတင်းကောင်းပါ။ မန်စီးတီးအသင်းနဲ့ပွဲစဉ်မှာ သူ ပြန်လည်ပါဝင်နိုင်မှာပါ"   ဟု နည်းပြ ကလော့ပ်က ပြောကြား သည်။                         

သူရိန်






အခြားဆက်စပ်သတင်းများ