နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လာမည့်နွေရာသီတွင် အေဗီလာအသင်း အဓိက ကစားသမားတစ်ဦး ရောင်းချသွားမည်

မတ် ၇

အေဗီလာအသင်းသည် ပြီးခဲ့ သည့်နှစ် ဘဏ္ဍာရေးရှင်းတမ်း တွင် စတာလင်ပေါင် သန်း ၁၂၀ နီးပါး အရှုံးပေါ်ခဲ့သောကြောင့် လာမည့် နွေရာသီတွင် အသင်း မှ အဓိက ကစားသမားများ ဖြစ်သည့် ဂျက်ကော့ရမ်ဆေး၊ ဒေါက်ကလပ် လူးဝစ်နှင့်လူးကပ် ဒစ်ဂနီတို့မှ တစ်ဦးဦးကို ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။

အေဗီလာအသင်းသည် ၂၀၂၃ ခုနှစ်၊ မေ ၃၀ ရက်က ဘဏ္ဍာရေးရှင်းတမ်း ထုတ်ပြန် ခဲ့ရာ စတာလင်ပေါင် ၁၁၉ ဒသမ ၆ သန်း အရှုံးပေါ်ခဲ့ပြီးနောက် ယခုနှစ် ဘဏ္ဍာရေးရှင်းတမ်းကို လာမည့် ဇွန် ၃၀ ရက်က ပိတ်သိမ်း မည်ဖြစ်သော်လည်း  အသင်း အနေဖြင့်  သုံးနှစ်တာကာလ အတွင်း စတာလင်ပေါင် ၁၀၅ သန်းထက် အရှုံးပေါ်ခဲ့ပါက ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ချမှတ်ထားသည့် ရမှတ်လျှော့ ပြစ်ဒဏ်နှင့် အခြားပြစ်ဒဏ်များ ကျခံရမည်ဖြစ်သော ကြောင့် လာမည့် နွေရာသီတွင် အဓိက ကစားသမားတစ်ဦး ရောင်းချရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင်   အေဗီလာ အသင်းအနေဖြင့် ကွင်းလယ် ကစား သမား ဂျက်ကော့ရမ်ဆေး၊ ဒေါက်ကလပ် လူးဝစ်နှင့်ခံစစ် ကစားသမား လူးကပ်ဒစ်ဂနီတို့ သုံးဦးမှ တစ်ဦးကိုရောင်းချရန် စီစဉ်ထားပြီး ဂျက်ကော့ ရမ်ဆေး ကို နယူးကာဆယ်အသင်းက ခေါ်ယူရန်ကြိုးပမ်း နေကြောင်း သိရသည်။






သူရိန်






အခြားဆက်စပ်သတင်းများ