မတ် ၇
မန်ယူအသင်းသည် စပိန် လာလီဂါကလပ် ဂျီရိုနာအသင်း ဘယ်တောင်ပံခံစစ်ပိုင်းတွင် ခြေစွမ်းပြ ကစားနေသည့် ဂူတီ ယာရက်ဇ်ကို လာမည့်နွေရာသီ တွင် ခေါ်ယူနိုင်ရန် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ဂူတီယာရက်ဇ်သည် ၂၀၂၂ ခုနှစ်က ရီးရဲလ်မက်ဒရစ် လူငယ် အသင်းမှ ဂျီရိုနာအသင်းသို့ ပြောင်းရွှေ့ ကစားခဲ့သူဖြစ်ပြီး သဘောတူစာချုပ်တွင် စတာလင် ပေါင် ခြောက်သန်းဖြင့် ရီးရဲလ် မက်ဒရစ်အသင်းက ပြန်လည် ခေါ်ယူနိုင်သည့်အချက် ပါဝင်နေ သော်လည်း အသင်းအနေဖြင့် ဘိုင်ယန်မြူးနစ် ခံစစ်ကစား သမား အယ်ဖွန်ဆိုဒေးဗစ်ကို ခေါ်ယူရန် သေချာနေသော ကြောင့် မန်ယူအသင်းက ဂူတီ ယာရက်ဇ်ကို ခေါ်ယူနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
အသက် ၂၂ နှစ်အရွယ်ရှိ လူငယ်ကစားသမား ဂူတီယာ ရက်ဇ်သည် ယခုနှစ် ဘောလုံး ရာသီ ဂျီရိုနာအသင်းနှင့် အတူ လာလီဂါပြိုင်ပွဲ ၂၅ ပွဲ ပါဝင် ခဲ့ရာ သွင်းဂိုး တစ်ဂိုးနှင့် ဂိုး ဖန်တီးမှု လေးကြိမ်ထိ ပြုလုပ် နိုင်ခဲ့သူဖြစ်ပြီး အသင်းကိုအမှတ် ပေးဇယား ဒုတိယနေရာအထိ ရောက်ရှိအောင် အဓိကနေရာမှ ပါဝင်ကူညီနိုင်ခဲ့သောကြောင့် မန်ယူအသင်းက ရာသီ အစကတည်းက ခေါ်ယူရန် စောင့်ကြည့်နေခြင်းဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ်အသင်း ကြီးများ၏ စိတ်ဝင်စားခြင်းကို ခံနေရသူဖြစ်သည်။
သူရိန်