နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘိုးရင်းကုမ္ပဏီ၏ 737 Max လေယာဉ်ကို ဘေးအန္တရာယ် ကင်းရှင်းမှု ရှိ၊ မရှိ စမ်းသပ်ပျံသန်းမည်

ဇွန် ၂၉  ဝါရှင်တန်


လူရာချီ သေဆုံးစေခဲ့သည့် လေယာဉ်ပျက်ကျမှုများကြောင့် ပျံသန်းခွင့် ပိတ်ပင်ခံခဲ့ရသည့် ဘိုးရင်းကုမ္ပဏီ၏ 737 Max လေယာဉ်ကို တစ်ကျော့ပြန် ပျံသန်းခွင့်ရရှိအောင် ကြိုးပမ်းလျက်ရှိရာ ဘေးအန္တရာယ် ကင်းရှင်းမှု ရှိ၊ မရှိ စမ်းသပ်ပျံသန်းမှုများ ပြုလုပ်ရန် စီစဉ်နေသည်။ လေကြောင်းပျံသန်းမှု စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့နှင့် ဘိုးရင်းကုမ္ပဏီ၏ ပိုင်းလော့များ၊ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ဇွန်လ ၂၉ ရက်မှစတင်၍ သုံးရက်ကြာ စမ်းသပ်ပျံသန်းမှုများလုပ်ရန် စီစဉ်လျက်ရှိသည်။ 


စုစုပေါင်း လူ ၃၄၆ ဦး သေဆုံးစေခဲ့သည့် အင်ဒိုနီးရှား( Lion Air) လေယာဉ်ပျက်ကျမှု၊ အီသီယိုးပီးယားလေယာဉ် ပျက်ကျမှုများကြောင့် ဘိုးရင်းကုမ္ပဏီ၏ ရောင်းအားအကောင်းဆုံး လေယာဉ်အမျိုးအစားဖြစ်သည့် 737 Max လေယာဉ်များမှာ ပြီးခဲ့သည့်နှစ်တွင် ပျံသန်းခွင့်ပိတ်ပင်ခံခဲ့ရသည်။ 737 Max လေယာဉ်များကို ဘေးအန္တရာယ် ကင်းရှင်းမှု ရှိ၊ မရှိ စမ်းသပ်ပျံသန်းမှုမှာ ဘိုးရင်းကုမ္ပဏီအတွက် အရေးပါသည့် တိုးတက်မှုတစ်ရပ်ဖြစ်သည်။ သို့သော် စမ်းသပ်ပျံသန်းမှုတွင် တိုးတက်မှုရှိပါကလည်း နောက်ထပ်လပေါင်းများစွာ ကြာမြင့်သည်အထိ ဘေးအန္တရာယ်ကင်းရှင်းမှုဆိုင်ရာ စမ်းသပ်မှုများ ပြုလုပ်ရန် လိုအပ်မည်ဖြစ်သည်။ ငါးလခြားပြီး ဖြစ်ပွားခဲ့သည့် လေယာဉ်ပျက်ကျမှုနှစ်ခုမှာ လေယာဉ်ပျံသန်းမှုထိန်းချုပ်ရေးစနစ် အမှားအယွင်းများကြောင့် ဖြစ်သည်ဟု စုံစမ်းစစ်ဆေးသူများက မှတ်ချက်ပေးခဲ့ကြသည်။ ဘိုးရင်းကုမ္ပဏီက ဘေးကင်းလုံခြုံရေးဆိုင်ရာ တောင်းဆိုချက်သစ်များနှင့် ကိုက်ညီစေရန် လပေါင်းများစွာ အချိန်ယူ၍ အလုံးစုံပြုပြင်ပြောင်းလဲခဲ့သည်။ 


(KNT)






အခြားဆက်စပ်သတင်းများ