နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘရာဂါတိုက်စစ်မှူး ဒီဂျာလိုကို ခေါ်ယူရန်ဘီလ်ဘာအိုအသင်း သဘောတူညီမှုရ

မတ်   ၆  


ဘီလ်ဘာအိုအသင်းသည် ပေါ်တူဂီကလပ် ဘရာဂါအသင်း တွင် ခြေစွမ်းပြကစားနေသည့် တိုက်စစ်မှူး ဒီဂျာလိုကို လာ မည့် နွေရာသီတွင် ခေါ်ယူရန် ကမ်းလှမ်းခဲ့ရာ ကလပ်အသင်း နှစ်ခုကြား သဘောတူညီမှုရရှိ ခဲ့ကြောင်း သိရသည်။

ဘီလ်ဘာအိုအသင်းက ကစားသမားအတွက် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၁၅ သန်း ပေးချေရမည်ဖြစ်ပြီး ကစားသမား ၏ ခြေစွမ်းပိုင်းပေါ် မူတည် ကာ အပိုဆုကြေး ငါးသန်းကို ဒီဂျာလိုအနေဖြင့် ထပ်မံရရှိမည် ဖြစ်ပြီး နွေရာသီအပြောင်းအရွှေ့ စတင်ချိန်တွင် ဘီလ်ဘာအို အသင်းနှင့် ပူးပေါင်းသွားမည် ဖြစ်သည်။

တိုက်စစ်မှူး ဒီဂျာလိုသည် ၂၀၁၇ ခုနှစ်က ဘရာဂါလူငယ် အကယ်ဒမီသို့ ရောက်ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ဘရာဂါ (ဘီ) အသင်းတွင် စတင်ပါဝင် ကစားခွင့် ရရှိခဲ့ချိန်တွင် ခြေစွမ်း ပြသနိုင်ခဲ့သောကြောင့် ၂၀၂၂ ခုနှစ်တွင် အသင်းကြီးနှင့် စတင် ပွဲထွက်ခွင့်ရရှိခဲ့ပြီး ပွဲဦးထွက် ဘောလုံးရာသီ၌ အသင်းအတွက် သွင်းဂိုး လေးဂိုးသွင်းယူနိုင်ခဲ့ ကာ ယခုနှစ်ဘောလုံးရာသီတွင် လည်း အသင်းနှင့်အတူ ပြိုင်ပွဲ စုံတွင် ၁၂ ဂိုး သွင်းယူနိုင်ခဲ့ ကြောင်း သိရသည်။





သူရိန်






အခြားဆက်စပ်သတင်းများ