နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လာမည့် ဘောလုံးရာသီမှသာ ဖိုဖန်နာ ပြန်ကစားနိုင်မည်ဟု နည်းပြ ပိုချက်တီနို ပြော

မတ်  ၆ 


ချဲလ်ဆီးအသင်းခံစစ်ကစား သမား ဖိုဖန်နာသည်ဒူးအရွတ် စုတ်ပြဲဒဏ်ရာမှ သက်သာလာ ခြင်း မရှိသေးသည့်အတွက်ယခု နှစ်ဘောလုံးရာသီ အကုန်ထိ အနားယူရမည်ဖြစ်ပြီးလာမည့် ဘောလုံးရာသီမှသာ ပြန်လည် ကစားနိုင်မည်ဖြစ်ကြောင်း နည်းပြ ပိုချက်တီနိုက အတည်ပြု ပြောကြားခဲ့သည်။

အသက် ၂၃ နှစ်အရွယ်ရှိ ဖိုဖန်နာသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က လက်စတာအသင်းမှ ချဲလ်ဆီးအသင်းသို့ပြောင်းရွှေ့ ကစားခဲ့ပြီးနောက် ဒဏ်ရာ ပြဿနာများဖြင့် ရုန်းကန်နေရ ပြီး ယခုနှစ်ဘောလုံးရာသီတွင် လည်း တစ်ပွဲမျှ ပါဝင်ကစားနိုင် ခြင်းမရှိသေးဘဲ အနားယူနေရ သူဖြစ်သည်။

ဖိုဖန်နာသည် ဒူးအရွတ် စုတ်ပြဲဒဏ်ရာကြောင့် ရှစ်လ ကျော်ကြာ အနားယူနေခဲ့ရသော် လည်း ဒဏ်ရာမှာ သက်သာ ခြင်း မရှိသေးသည့်အတွက် မည်သည့်အချိန်ထိ အနားယူရ မည်ကို မသိရှိရသေးသော ကြောင့် ယခုနှစ် ဘောလုံးရာသီ ပွဲစဉ်အားလုံးကို လွဲချော်သွား ရမည်ဖြစ်သည်။

၎င်းသည် ချဲလ်ဆီးအသင်း သို့ ပြောင်းရွှေ့ပြီးနောက် မကြာ ခဏ ဒဏ်ရာရရှိနေသည့် အတွက် အသင်းနှင့်အတူ ပြိုင်ပွဲ စုံ ၂၂ ပွဲသာ ပါဝင်ကစားနိုင် ခဲ့ကြောင်း သိရသည်။




သူရိန်






အခြားဆက်စပ်သတင်းများ