နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ရောဂါကို တွန်းလှန်တိုက်ဖျက်ဖို့ အိန္ဒိယနိုင်ငံမှာ ကမ္ဘာ့အကြီးဆုံး ဆေးရုံတစ်ရုံ ဖွင့်လှစ်

ဇွန် ၂၉  နယူးဒေလီ


တစ်ရက်တာအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်တိုက်ဖျက်ရန်အတွက် အိန္ဒိယနိုင်ငံက ကမ္ဘာ့အကြီးဆုံး ဆေးရုံတစ်ရုံကို ဖွင့်လှစ်လိုက်သည်။ အိန္ဒိယနိုင်ငံ၏ COVID-19 ဆေးရုံများတွင် အကြီးဆုံး ဆေးရုံတစ်ရုံဖြစ်သည့် Sardar Patel COVID Care Centre ကို ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က တစ်စိတ်တစ်ပိုင်း စတင်ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး ဆေးရုံခုတင် ၁၀၀၀၀ ရှိသည့်အနက် ၂၀၀၀ ကို စတင်အသုံးပြုနေပြီဖြစ်ကြောင်း ဒေလီအစိုးရအဖွဲ့က ပြောသည်။


ကျန်ရှိနေသည့် ဆေးရုံခုတင် ၈၀၀၀ ကို လာမည့်ဗုဒ္ဓဟူးနေ့တွင် အသုံးပြုမည်ဟု ဆိုသည်။ အဆိုပါဆေးရုံမှာနယူးဒေလီမြို့ ချက်တာပူရ်အရပ်တွင်ရှိပြီး ကမ္ဘာ့အကြီးဆုံး ဆေးရုံတစ်ရုံဟု ဆိုသည်။ ပြီးခဲ့သည့်တနင်္ဂနွေနေ့က အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ် စံချိန်တင် မြင့်တက်ခဲ့ပြီး ကူးစက်ခံရသူ ၁၉၉၀၆ ဦး၊ သေဆုံးသူ ၄၁၀ ရှိခဲ့သည်။ အိန္ဒိယနိုင်ငံတွင် COVID-19 လူနာစုစုပေါင်း ၅၂၈၈၅၉ ဦး ရှိနေပြီး သေဆုံးသူ ၁၆၀၉၅ ရှိသည်။                                                                                     


(KNT)






အခြားဆက်စပ်သတင်းများ