နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအနည်းငယ်မြင့်တက်လာပြီးနောက် ဘေဂျင်းမြို့အနီးတွင် ပိတ်ဆို့မှုများ ချမှတ်

ဇွန် ၂၉ ဘေဂျင်း


ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အနည်းငယ်မြင့်တက်လာခဲ့ပြီးနောက် တရုတ်နိုင်ငံက ဘေဂျင်းမြို့ အနီးတစ်ဝိုက်တွင် တင်းကျပ်သည့် ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ ပိတ်ဆို့မှုများမှာ ဘေဂျင်းမြို့အနီးရှိ ဟူဘေပြည်နယ်၊ အန်ရှင်းကျေးလက်ဒေသမှ လူ ၄၀၀၀၀၀ နီးပါးကို သက်ရောက်စေမည်ဖြစ်သည်။ 


၂၀၁၉ ခုနှစ်နှောင်းပိုင်းက တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ စတင်ကူးစက်ပျံ့နှံ့ခဲ့ပြီးနောက် တရုတ်အစိုးရက ရောဂါကူးစက်မှုသစ်များ ဆက်တိုက်ကျဆင်းသွားအောင် စီမံခန့်ခွဲနိုင်ခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းကို ရှောင်ရှားနိုင်ရန်အတွက် တရုတ်နိုင်ငံ ကျန်းမာရေးအာဏာပိုင်များက ရောဂါကူးစက်မှု အနည်းငယ်မြင့်တက်ခြင်းကိုပင် ကြပ်ကြပ်မတ်မတ် ကိုင်တွယ်လျက်ရှိသည်။ အန်ရှင်းကျေးလက်ဒေသကို အလုံးစုံ ပိတ်ဆို့ထိန်းချုပ်သွားမည်ဟု ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် တရုတ်အရာရှိများက ကြေညာခဲ့သည်။ 


မရှိမဖြစ် လိုအပ်သည့် လုပ်သားများကိုသာ အိမ်အပြင်ထွက်ခွင့်ပေးမည်ဖြစ်ပြီး မရှိမဖြစ် လိုအပ်သည့် ပစ္စည်းများဝယ်ယူလိုပါက မိသားစုတစ်စုစီတိုင်းတွင် မိသားစုဝင်တစ်ဦးကိုသာ တစ်ရက်လျှင် တစ်ကြိမ် အပြင်ထွက်ခွင့်ပေးမည်ဟု ဆိုသည်။ အဆိုပါဒေသတွင် မနေထိုင်သည့်သူများအနေဖြင့် ဝင်ထွက်သွားလာခွင့်ရမည်မဟုတ်ပေ။ အဆိုပါစည်းမျဉ်းများကို ချိုးဖောက်လျင် ရဲတပ်ဖွဲ့က အပြစ်ပေးမည်ဟု အာဏာပိုင်များက သတိပေးထားသည်။ ဘေဂျင်းမြို့အနီးရှိ ဒေသအများအပြားတွင် ကန့်သတ်မှုများ ချမှတ်ထားပြီး ရောဂါ ရှိ၊ မရှိ စမ်းသပ်မှုများ အကြီးအကျယ် ပြုလုပ်လျက်ရှိသည်။                                  


(KNT)






အခြားဆက်စပ်သတင်းများ