နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖိုဒန်၏ ခြေစွမ်းပြမှုဖြင့် မန်ယူအသင်းကို အနိုင်ရရှိခဲ့သည့် မန်စီးတီး

မတ်  ၄  


ပရီးမီးယားလိဂ်ပွဲစဉ် ၂၇ အဖြစ် မန်စီးတီးအသင်းနှင့် မန်ယူအသင်းတို့ ယမန်နေ့ ညပိုင်းက အီတီဟက်ကွင်း၌ ယှဉ်ပြိုင်ကစားကြရာ မန်စီးတီး အသင်းက မန်ယူအသင်းကို သုံးဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ ကြောင်း သိရသည်။အဆိုပါ ပွဲစဉ်တွင် မန်စီးတီး အသင်းက အဘက်ဘက်က အသာစီးရယူပြီး မန်ယူအသင်း ကို ဖိအားပေးနိုင်ခဲ့ကာ ဖိုဒန်၏ ခြေစွမ်းပြမှုနှင့်အတူ ဂိုးပြတ်နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။

ပထမပိုင်းပွဲအစ ရှစ်မိနစ် မှာပင် တန်ပြန်တိုက်စစ်က တစ်ဆင့် ရက်ရှ်ဖို့ဒ်၏ အဝေး ကန်ချက်ဖြင့် မန်ယူအသင်း အဖွင့်ဂိုးရရှိခဲ့သည်။ မန်စီးတီး အသင်း ချေပဂိုးရရှိရေး တရစပ် တိုက်စစ်ဆင် ကစားခဲ့သော် လည်း မန်ယူအသင်း ဂိုးသမား အိုနာနာ လက်စွမ်းပြမှုနှင့်အတူ တိုက်စစ်မှူး ဟာလန်း၏ အဆုံးသတ် လိုအပ်ချက်များ ကြောင့် ဂိုးရရှိရန် ရုန်းကန်ခဲ့ ရပြီး ပထမပိုင်းတွင် ဧည့်သည် မန်ယူအသင်း၏ ဦးဆောင်ခြင်း ကို ခံခဲ့ရသည်။

ဒုတိယပိုင်းတွင်လည်း မန်စီး တီးအသင်းကသာ ပွဲကို စိုးမိုး နိုင်ခဲ့ပြီး ဒီဘရိုင်းနှင့် ဟာလန်း တို့ မန်ယူအသင်း ခံစစ်ကို မထိုးဖောက်နိုင်ဘဲ ဂိုးကံခေနေ ချိန်တွင် ဖိုဒန်က တစ်ကိုယ်တော် ခြေစွမ်းပြသပြီး ပွဲကစားချိန် ၅၆ မိနစ်နှင့် ၈၀ မိနစ်တွင် လိုအပ်နေသည့် ချေပဂိုး နှင့် ဦးဆောင်ဂိုးကို သွင်းယူပေး ခဲ့သည်။ ထို့နောက် ပွဲချိန် ၉၁ မိနစ်တွင် မန်ယူအသင်း ခံစစ်၏ အမှားကတစ်ဆင့် တိုက်စစ်မှူး ဟာလန်းက မန်စီးတီး အသင်း အတွက် နောက်ထပ် ဦးဆောင် ဂိုးကို သွင်းယူပေးခဲ့ပြီး မန်ချက် စတာဒါဘီတွင် အမှားအယွင်း မရှိ နိုင်ပွဲဖော်ဆောင်နိုင်ခဲ့သည်။အဆိုပါ ရလဒ်ကြောင့် မန်စီးတီးအသင်းသည် ရမှတ် ၆၂ မှတ်ဖြင့် အဆင့် ၂ နေရာ တွင် ရပ်တည်လျက်ရှိပြီး ပထမ နေရာမှ လီဗာပူးအသင်းကို တစ်မှတ်အကွာဖြင့် ဆက်လက်  ဖိအားပေး လျက်ရှိသည်။





သူရိန်






အခြားဆက်စပ်သတင်းများ